
ညောင်ဦး စက်တင်ဘာ ၂၉
တော်သလင်းလပြည့်(ဂရုဓမ္မအခါ တော်) နေ့တွင် မြန်မာပြည် အရပ်ရပ်မှ ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ သို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကာ ဘုရားဖူး လာရောက်သူ နှစ်သောင်းကျော် ခန့် လာရောက်ဖူးမြော်လျက်ရှိ ကြောင်း သိရသည်။
ပုဂံ - ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဂေါပက ထားရှိသည့် ဘုရား ၁၉ ဆူအား ဝါတွင်းကာလ၌ နံနက် ၅နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း၊ တော်သလင်း လပြည့်နေ့တွင် မြန်မာပြည် အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ လာရောက်သူ များပြားလျက်ရှိရာ မြင်းလှည်း အငှားလိုက်သူများ၊ E-Bike ၊ မီနီအိုးဝေ အငှားလိုက်သူ များ၊ ပြည်တွင်းဧည့်လမ်းညွှန် များ၊ စားသောက်ဆိုင်များ၊ လက်ရေးပန်းချီဆွဲသူများ အလုပ် အကိုင်များ ကောင်းနေကြကာ ဟိုတယ်၊ တည်းခိုခန်းများတွင် လည်း ခရီးသွားဘုရားဖူး ဝင်ရောက်မှု များပြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း