ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

ဟားခါး    စက်တင်ဘာ    ၂၉


အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သော မိန်းကလေးငယ်များ အား    သားအိမ်ခေါင်းကင်ဆာ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲ     အခမ်း အနားကို  စက်တင်ဘာ   ၂၉ ရက် နံနက်  ၁၀  နာရီက   ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း  ဗိုလ်တိုက်ချွန်း ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်း ထန်၊      ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွား ရေးဝန်ကြီး    ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊   ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်   ကာကွယ်ဆေးထိုးနှံ ကြမည့်    ကျောင်းသူလေးများ တက်ရောက်ကြသည်။


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး ချုပ်က    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏    ၂၀၂၀  ပြည့်နှစ်     စာရင်းအရ   တစ်ကမ္ဘာလုံးတွင်       နှစ်စဉ် သားအိမ်ခေါင်းကင်ဆာ  ဖြစ်ပွား နှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်း လျှင် ၁၃ ဒသမ ၃ ဦးရှိပြီး သေဆုံးမှု နှုန်းမှာ ၆ ဒသမ ၉ ဦးရှိ၍ သားအိမ် ခေါင်းကင်ဆာကြောင့် သေဆုံးသူ များ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှု နည်းသော နိုင်ငံများကဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်   သားအိမ်ခေါင်း ကင်ဆာအဖြစ်များဆုံး   အသက် အုပ်စုမှာ အသက် (၁၅)နှစ်မှ (၄၄)နှစ်ဖြစ်ပြီး     အမျိုးသမီးဦးရေ တစ်သိန်းတွင်  ၂၅ ဒသမ ၃ ဦး ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစ၍ အသက် (၉)  နှစ်နှင့် (၁၀) နှစ် ပြည့်ပြီးသော    မိန်းကလေးများ အား   ကာကွယ်ဆေးထိုးနှံခဲ့ပြီး ကိုဗစ်−၁၉ ကပ်ရောဂါ အခြေနေ ကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ သုံးနှစ်ဆက်တိုက်ထိုးနှံနိုင် ခြင်းမရှိကြောင်း ၊ သို့ဖြစ်၍ ၂၀၂၃ ခုနှစ်   သြဂုတ်လတွင်   ကျောင်း အခြေပြု      အစီစဉ်ဖြင့်လည်း ကောင်း ၊ အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြုအစီစဉ်ဖြင့် လည်းကောင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ထိုးနှံရခြင်း အားဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု   ၉၅    ရာခိုင်နှုန်း ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း နှင့်     ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွင်     ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော တာဝန်ရှိ သူအားလုံးကို     ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။


ထို့နောက် ဟားခါးမြို့ဆေးရုံ အုပ်ကြီး  ဒေါက်တာမောင်မောင် ဝင်းက  သားအိမ်ခေါင်းကင်ဆာ ရောဂါနှင့်  HPV  ရောဂါ ကာကွယ် ဆေးအကြောင်းတို့ကို   ရှင်းလင်း တင်ပြပြီး  ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက   HPV  ကာကွယ် ရေးဆေးထိုးနှံရာတွင်      စာရင်း ကောက်ယူခြင်းနှင့် ကျန်းမာရေး ဌာနနှင့်    ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို     ရှင်းလင်း ပြောကြားကာ ပြည်နယ်ဝန်ကြီး ချုပ်၊    ပြည်နယ်ဝန်ကြီးများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။


ယင်းနောက် အသက် (၉) နှစ် ပြည့်ပြီး (၁၂)  နှစ်  မကျော်သော မိန်းကလေးငယ်များအား   သား အိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို   ပြည်နယ် ဝန်ကြီးချုပ်က လှည့်လည်ကြည့်ရှု အားပေးပြီး  ကျောင်းသူလေးများ ကို      လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကျန်းမာရေးဝန်ထမ်း များနှင့် ကျောင်းသူကလေးငယ် များအား  အားပေးစကား  ပြော ကြားကြောင်း သိရသည်။
        

ခရိုင်(ပြန်/ဆက်)