အာရှဖလားခြေစစ်ပွဲအကြို မြန်မာဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ အပြီးသတ်လေ့ကျင့်ပြင်ဆင်နေ

 

ရန်ကုန်  စက်တင်ဘာ  ၂၈


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အောက်တိုဘာလ    ဒုတိယပတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာရှဖလား ဖူဆယ် ခြေစစ် ပွဲအကြို    နောက်ဆုံးပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ်    ဘန်လက်ချာယိုဝန်သည် ထိုင်းခရီးစဉ်အတွက် ကစားသမား ၁၆ဦး ခေါ်ဆောင်သွားပြီး    ယင်းခရီးစဉ်အပြီး တွင်  နှစ်ဦးလျှော့ချကာ   အပြီးသတ်ကစား သမား ၁၄  ဦး ရွေးချယ်မည်ဖြစ်သည်။

 
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား- ကျော်ထက်အာင်၊ ညီညီသန့်၊  ဇွဲပြည့်စုံ၊ ကစားသမား-မင်းခန့်၊ မျိုးမြင့်စိုး၊ ကိုကိုလွင်၊  ရှိုင်းထက်အောင်၊ မျိုးသက်အောင်၊   ညိမ်းမင်းစိုး၊ သိုင်ဖွဲ့အောင်၊ ကိုရဇ္ဇ်၊ ထွဋ်ဝေထွန်း၊ ဇော်ဖြိုးဦး၊ အောင်ဇင်ဦး၊ နိုင်လင်း ထွန်းကျော်နှင့် လှိုင်မင်းဦးတို့ ပါဝင်ကြသည်။ မြန်မာအသင်းသည် ကစား သမားများ ဒဏ်ရာပြဿနာနှင့် မကြုံတွေ့စေရန် ခြေစမ်းပွဲ မကစား တော့ဘဲ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည်   စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ထိုင်းနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်သည်။
အာရှဖလား ဖူဆယ်ခြေစစ်ပွဲ ကို အောက်တိုဘာ ၇ ရက်မှ ၁၁ ရက် အထိ   ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည်  ပါလက်စတိုင်း၊ တာဂျစ် ကစ္စတန်၊ အိန္ဒိယအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ 
ညီမြတ်သော်တာ၊  ဓာတ်ပုံ-MFF