ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပညာရေးမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 

ဟားခါး    စက်တင်ဘာ  ၂၈


ချင်းပြည်နယ် ပညာရေးမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂ / ၂၀၂၃ ) ကို စက်တင်တင်ဘာ ၂၈  ရက်  နံနက် ၁၀  နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်၊   ပြည်နယ်ဝန်ကြီးများနှင့်  တာဝန်ရှိသူများ   တက်ရောက်ကြ သည်။


ရှေးဦးစွာ     ချင်းပြည်နယ် ဝန်ကြီးချုပ်က   အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်း ကျောင်း    ပညာကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့  ကျောင်းအလိုက်  သင်ကြားရေး၊  ဝန်ထမ်းရေးရာနှင့် ရုံးလုပ်ငန်းများ   အပါအဝင်   ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်း၊  ညှိနှိုင်း၊   ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း  ပြော ကြားသည်။


ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး သိန်းထွန်းအောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော် ငြိမ်းနှင့်   ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးကျော်စိုးဝင်းတို့က ချင်း ပြည်နယ်အတွင်း     ပညာရေး မြှင့်တင်ရေးလုပ်ငန်း  ဆောင်ရွက် နေမှုအခြေအနေများကို  ရှင်းလင်း တင်ပြကြသည်။


ယင်းနောက်      ဟားခါး တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါ်နွယ်သင်းနီ၊   ပညာရေးဒီဂရီ ကောလိပ်မှ  ပါမောက္ခ ဦးရွှေဘ၊ စက်မှုလက်မှုသိပ္ပံ     (ဟားခါး) မှ ကျောင်းအုပ်ကြီး   ဒေါ်ခင်သူသူ ထွန်း၊ ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူ၊ ဟားခါးခရိုင်ပညာရေး မှူး ဦးဗန်ဘိခ်နှင့်  မြို့နယ်ပညာ ရေးမှူး ဦးထလာချွမ်းတို့က မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် မှုအခြေအနေနှင့် ပြည်နယ်အစိုးရ အဖွဲ့က  ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည်များကို    ရှင်းလင်း တင်ပြကြသည်။


တင်ပြချက်များ      အပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြု ဖြည့်စွက်ဆွေးနွေး  တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များ      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။    

ခရိုင် (ပြန်/ဆက်)