မြန်မာနိုင်ငံ၌ ကိုရီးယားအထည်ချုပ်လုပ်ငန်း၊ ချည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်းများ တိုးချဲ့ရင်းနှီးမြှုပ်နှံမည်

 

မြန်မာနိုင်ငံတွင် တိုးချဲ့ရင်းနှီး မြှုပ်နှံမည့် ကိုရီးယားအထည်ချုပ် လုပ်ငန်း PANKO Corporation မှ  လုပ်ငန်းရှင်များနှင့်   ကုန်သည် စက်မှုအသင်းချုပ်       အဖွဲ့ဝင် များ  စက်တင်ဘာ   ၂၂    ရက်က လမ်းမတော်မြို့နယ်     မင်းရဲ ကျော်စွာလမ်းရှိ      ကုန်သည်စက်မှု အသင်းချုပ်ရုံး၌     တွေ့ဆုံစဉ် ဦးအေးဝင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။


တွေ့ဆုံရာတွင်    ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေး ဝင်းက ပြည်တွင်း၌  လာရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ကို လုပ်ရကိုင်ရလွယ်ကူစေမည့် အခြေအနေများကို      ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်   ဖြစ် ကြောင်း၊ လက်ရှိတွင် နိုင်ငံတော် ဘက်မှ ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့်   ကာလဖြစ်ပါ ကြောင်း၊   အလုပ်အကိုင်အခွင့် အလမ်း   အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံမှာ သိရသည့်အတွက် ဝမ်းသာပီတိ     ဖြစ်ရပါကြောင်း၊ 
အထူးသဖြင့် အထည်ချုပ်လုပ်ခြင်း အပြင် ချည်ငင်၊ ဆေးဆိုးလုပ်ငန်း များလည်း  ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်မည်   ဆိုသည့်အတွက် မိမိတို့နိုင်ငံအနေနှင့် အကျိုးကျေးဇူး များရရှိမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ကိုင်ရာတွင် အကျိုးအမြတ်ရရှိ လိုခြင်းတစ်ခုတည်း     သာမက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင် ရေးနှင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း   ပြော ကြားသည်။


ကိုရီးယားနိုင်ငံ    PANKO Corporation  ဥက္ကဋ္ဌကြီး   Mr. Youngjoo Choi က  မြန်မာနိုင်ငံ တွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး  လုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုး ခြင်း   စသည့်စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန်   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊      ယခု လာရောက်သည့်    ကိုရီးယား လုပ်ငန်းရှင်များသည် ချည်ထုတ် လုပ်ရေးတွင်  အတတ်ပညာရှိပြီး အတွေ့အကြုံ များစွာရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက် ရန် အသင်းချုပ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာ သူများက ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး၊ အထည်ချုပ် စက်ရုံများ   တိုးချဲ့တည်ဆောက် နိုင်ရေး၊   ရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်ရာတွင် အဆင် ပြေချောမွေ့စေရန် ကူညီပေးနိုင် ရေးတို့ကို ဆွေးနွေးကြသည်။


ကိုရီးယားနိုင်ငံ    PANKO Corporation သည် မြန်မာနိုင်ငံ တွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်က  ပဲခူးမြို့တွင်   စတင် တည်ထောင်ကာ    အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ၍   ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးလျက်ရှိသည်။
အစည်းအဝေးသို့ ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေး ဝင်း၊ ဒုတိယဥက္ကဋ္ဌ   ဒေါက်တာ ဝင်းစည်သူ၊ တွဲဖက် အထွေအထွေ   အတွင်းရေးမှူး   ဦးရဲမြင့်မောင်၊  ကိုရီးယားနိုင်ငံ PANKO Corpor-ation ဥက္ကဋ္ဌ Mr. Youngjoo Choi, ဥက္ကဋ္ဌ Mr. Kevin Oh, Spinners & Weavers Association  of  Korea   ဥက္ကဋ္ဌ  Mr.Joon Kim, Hyup Sung Groupမှ ဥက္ကဋ္ဌ Mr.Kyungmin Kwon နှင့် Mr. Kihong Cheon (PhD)University of Yangon တို့ တက်ရောက်ကြ သည်။  

                    မျိုးမင်းသူရ