မြန်မာမီဒီယာအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကူးလူးဖလှယ်လေ့လာ

 

နေပြည်တော် စက်တင်ဘာ ၂၂


MRTV ၊  MITV ၊  မြန်မာ့အလင်း၊ The  Global  New  Light  of Myanmar ၊ One News ၊ ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်း၊ စံတော်ချိန်၊ Eleven ၊ Yangon Media Group၊ Vidya မှ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ဝင်   ၁၀   ဦးသည် စက်တင်ဘာ ၁၂ ရက်မှ ၁၉ ရက် အထိ     တရုတ်နိုင်ငံ   ပေကျင်း၊  ဟန်ကျိုး၊  ရှန်ဟိုင်း မြို့သုံးမြို့သို့    သွားရောက်ခဲ့ပြီး        တရုတ်-အာဆီယံစင်တာ၊    နာမည်ကျော် သတင်းစာတိုက်၊ အာရှအားကစား ပြိုင်ပွဲ  သတင်းဌာန၊ ကုမ္ပဏီများသို့   သွားရောက်၍ ချစ်ကြည်ရင်းနှီးစွာ      ကူးလူး ဖလှယ်ခဲ့ကြသည်။


ပေကျင်းမြို့တွင် ကိုယ်စား လှယ်အဖွဲ့သည် တရုတ်-အာဆီယံ စင်တာသို့   သွားရောက်ခဲ့သည်။ စင်တာရှိ အထွေထွေညှိနှိုင်းဌာန ဒုတိယဌာနမှူး      ဒေါ်ယုဝါကို (မြန်မာနိုင်ငံသား)၊ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယ ဌာနမှူး  Fang  Qiang  တို့က ကိုယ်စားလှယ်အဖွဲ့ကို  တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူး ချုပ် Shi Zhongjunနှင့် မြန်မာနိုင်ငံ ခရီးစဉ်အခြေအနေနှင့် စင်တာက တရုတ်-အာဆီယံမီဒီယာများ ကူးလူးဖလှယ်   ပူးပေါင်းဆောင် ရွက်မှု  မြှင့်တင်ရေးအပိုင်းတွင် လုပ်ဆောင်ချက်များ   မိတ်ဆက် ပေးခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့နှင့် အတူ တရုတ်-မြန်မာနှင့် တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှင့်စပ်လျဉ်း၍ အမြင် ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် ကိုယ်စားလှယ်       အဖွဲ့သည် Peoples Daily ၊ ဆင်ဟွာသတင်း ဌာနတို့နှင့် မီဒီယာဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းများကို ကူးလူးဖလှယ် ခဲ့ကြပြီး MR စမတ် စတူဒီယို၊ XR စတူဒီယို  စသည့် New Media နည်းပညာနှင့် စက်ပစ္စည်းအသစ် များကို   လေ့လာကြည့်ရှုခဲ့ကြ သည်။


ဟန်ကျိုးမြို့တွင် မီဒီယာအဖွဲ့ သည် ဟန်ကျိုးအာရှအားကစား ပြိုင်ပွဲ    ပင်မမီဒီယာစင်သွားသို့ သွားရောက်၍          စီးပွားရေး ဝန်ဆောင်မှုဇုန်၊      လူမှုဘဝ ဝန်ဆောင်မှုဇုန်၊  အဓိကသတင်း စင်တာ၊ နိုင်ငံတကာထုတ်လွှင့်ရေးစင်တာများသို့    သွားရောက် လေ့လာခဲ့ပြီး          ဟန်ကျိုးအာရှ အားကစားပြိုင်ပွဲက      မီဒီယာ သတင်းထောက်များ     သတင်း ရေးသားရာတွင်   လိုအပ်သည့် ရုံသုံး ဘာသာစကား၊ ပို့ဆောင် ရေး၊ အစားအသောက်၊ နည်းပညာ၊ စီးပွားရေး စသည့်အဆောက်အအုံ နှင့်  ဝန်ဆောင်မှုများ  ထောက်ပံ့ ပေးထားသည့်   အခြေအနေကို လည်း   လေ့လာကြည့်ရှုခဲ့သည်။ ထို့ပြင် Alibaba Global ရုံးချုပ်သို့ သွားရောက်၍ တစ်ကမ္ဘာလုံးတွင် ခေတ်အမီဆုံး    သိပ္ပံနည်းပညာ၊ ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှု ပုံစံများကို သွားရောက်လေ့လာခဲ့ သည်။   ရှန်ဟိုင်းမြို့တွင်  မီဒီယာ အဖွဲ့သည်   Shanghai  United Media  Group  (SUMG)   နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး    အင်တာ နက်ခေတ်တွင် မီဒီယာအသွင်ကူးပြောင်းမှုပုံစံများကို လေ့လာခဲ့ကြ သည်။ ထို့ပြင် Shanghai Urban Planning Exhibition Center သို့သွားရောက်၍    ရှန်ဟိုင်း၏ စီးပွားရေး၊     လူမှုယဉ်ကျေးမှု၊ ဆန်းသစ်တီထွင်မှု၊   ဂေဟဖွံ့ဖြိုး တိုးတက်မှု   အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြသည်။


မီဒီယာကိုယ်စားလှယ်များက ယခုအကြိမ်တရုတ်နိုင်ငံခရီးစဉ် သည်  တရုတ်နိုင်ငံအကြောင်း နားလည်သိရှိမှု   တိုးလာစေပြီး မြန်မာမီဒီယာလုပ်ငန်း   ဖွံ့ဖြိုး တိုးတက်မှုအတွက် အတွေးအခေါ် ဉာဏ်          စဖွင့်ပေးလိုက်ကြောင်း၊ သတင်းဖော်ပြချက်၊ ဆောင်းပါး၊ ဗီဒီယိုအစီအစဉ်     စသည့်ပုံစံ အမျိုးမျိုးဖြင့် ယခုအကြိမ်ခရီးစဉ် တွင်      နားလည်သိရှိခဲ့သမျှကို မြန်မာပြည်သူများနှင့်      မျှဝေ ပေးကာ တရုတ်-မြန်မာချစ်ကြည် ရေးအတွက်      ပိုကောင်းသည့် အကျိုးထမ်းဆောင်ပေးမည်ဟု ဆိုကြသည်။          

 
မြင့်မောင်