ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရေး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်

 

နေပြည်တော် စက်တင်ဘာ  ၂၂


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သည် အစိုးရဌာန၊ အဖွဲ့အစည်းများ ၏ ဘဏ္ဍာငွေ အရအသုံးစာရင်း များနှင့် လုပ်ငန်းဆောင်ရွက်မှု များကို ဥပဒေနှင့်အညီ  စစ်ဆေး ခြင်း၊   အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည် ဆောင်ရွက်လျက်  ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံး မှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှု   မရှိစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်  စည်းမျဉ်းစည်းကမ်းနှင့် အညီ ထိရောက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်က ချမှတ် ထားသည့်      ဦးတည်ချက်များ ကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်    ဖြစ်ပါ ကြောင်း   ယမန်နေ့က   ကျင်းပ သည့်     ပြည်ထောင်စုစာရင်း စစ်ချုပ်နှင့်     တိုင်းဒေသကြီး/ ပြည်နယ်     စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ     (၂/၂၀၂၃) တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြောကြား သည်။


ယင်းနောက်  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်   မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊   ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  နေပြည် တော်စာရင်းစစ်ရုံး၊   မြန်မာနိုင်ငံ စာရင်းကောင်စီရုံး၊ ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ်စာရင်းစစ်ချုပ် ရုံးတို့မှ ညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှု စစ်ဆေး ခြင်း၊    လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ Real Time Audit နှင့် တာဝန်ပေးစစ်ဆေးခြင်းဆိုင်ရာ များ၊ ဝန်ထမ်းပိုင်းနှင့် စာရင်းပိုင်း ဆိုင်ရာများ၊    တွေ့ကြုံရသည့် အခက်အခဲများနှင့်  ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။ 
လုပ်ငန်းညှိနှိုင်း   ဆွေးနွေးပွဲ ဒုတိယနေ့ကို       ယနေ့တွင် ဆက်လက်ကျင်းပရာ ကျန်တိုင်း ဒေသကြီး/ ပြည်နယ် စာရင်းစစ် ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများ က စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ များ၊ ဝန်ထမ်းနှင့် စာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို   တင်ပြဆွေးနွေး ကြသည်။


ထို့နောက်   စီမံရေးရာဦးစီး ဌာန၊   နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့်   စစ်ဆေး ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များက စီမံရေးရာနှင့်ဝန်ထမ်းဆိုင်ရာများ၊ သင်တန်းဆိုင်ရာ များနှင့်   စစ်ဆေးရေးလုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြပြီး   ဆွေးနွေးတင်ပြမှုများ အပေါ်     အမြဲတမ်းအတွင်းဝန် က   ဖြည့်စွက်ရှင်းလင်းဆွေးနွေး မှာကြားသည်။ 
ယင်းနောက် ဒုတိယစာရင်း စစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးပြီး     နိဂုံးချုပ်  အမှာစကား ပြောကြားသည်။      

သတင်းစဉ်