
ရန်ကုန် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေး ရောက်ရှိနေသော မြန်မာမီဒီယာအဖွဲ့သည် စက်တင် ဘာ ၁၇ ရက်တွင် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ ပင်မမီဒီယာ စင်တာသို့သွားရောက်ခဲ့ပြီး ပြိုင်ပွဲ ကာလအတွင်း မီဒီယာအိမ်ရာ၏ အသုံးအဆောင်နှင့် ဝန်ဆောင်မှု များကို လက်တွေ့ခံစားခဲ့သည်။
ဟန်ကျိုးအာရှ အားကစား ပြိုင်ပွဲ ပင်မမီဒီယာစင်တာသည် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၏ အရေးပါသော ပြိုင်ပွဲရုံမဟုတ်သည့် အဆောက်အအုံများအနက် တစ်ခု ဖြစ်ပြီး အာရှအိုလံပစ်ကောင်စီ မီဒီယာကော်မတီ၊ ထုတ်လွှင့်ရေး အဖွဲ့အစည်း၊ ထပ်ဆင့်ထုတ်လွှင့်ခွင့် ရှိသူနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုအဖွဲ့များ အလုပ် လုပ်ရာဌာနချုပ်ကြီး ဖြစ်သည်။
မိတ်ဆက်ပေးသည့် ဝန်ထမ်း ၏ မိတ်ဆက်ချက်အရ မီဒီယာ အဖွဲ့သည် စီးပွားရေးဝန်ဆောင်မှု ဇုန်၊ လူမှုဘဝဝန်ဆောင်မှုဇုန်၊ ပင်မသတင်းစင်တာ (MPC) နိုင်ငံတကာထုတ်လွှင့်ရေးစင်တာ (IBC) စသည်တို့ကို တစ်နေရာချင်း သွားရောက်လေ့လာခဲ့ပြီးဟန်ကျိုး အာရှအားကစားပြိုင်ပွဲက မီဒီယာ များအတွက် ပြိုင်ပွဲသတင်းရေးသားဖော်ပြရာတွင် လိုအပ်သည့် ရုံးသုံး၊ ဘာသာစကား၊ ပို့ဆောင် ရေး၊ အစားအသောက်၊ နည်းပညာ၊ စီးပွားရေးစသည့် အဆောက်အအုံ နှင့်ဝန်ဆောင်မှုမျိုးစုံ ထောက်ပံ့ ထားပေးမှုကို ခံစားခဲ့ကြသည်။ စီးပွားရေး ဝန်ဆောင်မှုဇုန်တွင် မီဒီယာအဖွဲ့က ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် သတင်း ရိုက်ကူးရန် အမည်စာရင်းပေးသွင်း ထားသည့် မီဒီယာသတင်းထောက် များအတွက် ဘဏ် ATM ၊ အမြန် ချောပို့၊ ဆက်သွယ်ရေး၊ မိတ်ကပ် အလှပြင်ဆင်ရေး၊အထူးလည်ပတ် ခွင့်ရသည့်ဆိုင် စသည့်ဝန်ဆောင် မှုနှင့် စမတ်ထူးခြားချက်များ ထောက်ပံ့ထားမှုအခြေအနေကို လေ့လာခဲ့ကြသည်။ လူနေမှုဘဝ ဝန်ဆောင်မှုဇုန်တွင် မီဒီယာအဖွဲ့ ဝင်များအနေဖြင့် နှိပ်နယ်ခြင်း၊ Ba Duan Jin ကိုယ်လက်လေ့ကျင့် ရေး စသည့်တရုတ်တိုင်းရင်းဆေး ပညာ ယဉ်ကျေးမှုကို ခံစားခဲ့ပြီး လူကြိုက်များခဲ့သည်။
လက်ရှိတွင် ဟန်ကျိုးအာရှ အားကစားပြိုင်ပွဲ ပင်မမီဒီယာ စင်တာ၏ ဝန်ဆောင်မှုအမျိုးမျိုး သည် ပြိုင်ပွဲကာလအခြေအနေသို့ ရောက်ရှိပြီဖြစ်သည်။ အဆိုပါ စင်တာသည် စက်တင်ဘာ ၁၈ ရက်တွင် တရားဝင်စတင်လည်ပတ် မည်ဖြစ်ပြီး သတင်းထုတ်ပြန်ရေး၊ မီဒီယာနှင့် ထပ်ဆင့်ထုတ်လွှင့် ရေး ဝန်ဆောင်မှုလုပ်ငန်း စသည့် အရေးပါတာဝန်များကို ထမ်း ဆောင်မည်ဖြစ်သည်။ အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း တရုတ်နိုင်ငံ ပြည်တွင်း ပြည်ပ မှ မီဒီယာသတင်းထောက်ပေါင်း ၁၁၀၀၀ ကျော် လာရောက်၍ သတင်းထုတ်ပြန်မှုများ လုပ် ဆောင်ကြမည်ဖြစ်သည်။
မြန်မာမီဒီယာအဖွဲ့တွင် အစိုးရ နှင့် ပုဂ္ဂလိကပိုင်သတင်းမီဒီယာ များ၊ ရုပ်သံလွှင့်မီဒီယာများ၊ အွန်လိုင်းမီဒီယာများ ပါဝင်ပြီး စုစု ပေါင်းအဖွဲ့ဝင် ၁၀ ဦး ပါဝင်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ ပေကျင်း မြို့၊ ဟန်ကျိုးမြို့နှင့် ရှန်ဟိုင်းမြို့ များသို့လည်း သွားရောက်လေ့လာ ခဲ့ကြသည်။
မြင့်မောင်