ပဲခူးတိုင်းဒေသကြီး တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း၊ စစ်ဝတ်ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် စက်တင်ဘာ ၂၀


ပဲခူးတိုင်းဒေသကြီး     တောင်ငူ တပ်နယ်နှင့်  ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်  (ဌာနေ)  တပ်ဖွဲ့ဝင် များအား  လက်နက်များတပ်ဆင် အပ်နှင်းခြင်း၊  စစ်ဝတ်ပစ္စည်းများ နှင့်     စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို    စက် တင်ဘာ ၁၉ ရက်နှင့်  ယနေ့တို့ တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး      ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ် ကြီး ဖုန်းမြတ်က  လက်နက်များ တပ်ဆင်ပေးရသည့် ရည်ရွယ်ချက် ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ပြည်သူ့စစ်များ အတွက်  ရိက္ခာများ  ထောက်ပံ့ ပေးအပ်မည့်   အစီအမံများကို လည်းကောင်း၊ ဗိုလ်ချုပ်အောင်ပိုင် ဦးက   ပြည်သူ့စစ်များ   လိုက်နာ ကျင့်သုံးရမည့်   ကျင့်ဝတ်များကို လည်းကောင်း ရှင်းလင်းပြောကြား ကြသည်။ 


ထို့နောက်  ဒုတိယဗိုလ်ချုပ် ကြီး    ဖုန်းမြတ်က   ပြည်သူ့စစ် (ဌာနေ)      တပ်ဖွဲ့ဝင်များအား လက်နက်များ အပ်နှင်းပေးသည်။  ယင်းနောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က  ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအား စားသောက်ဖွယ်ရာများ နှင့် စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ရာ  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိ သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး ဖုန်းမြတ်နှင့်  အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား   ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။                       

သတင်းစဉ်