
ရန်ကုန် စက်တင်ဘာ ၂၀
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ဝင်းအတွင်း၌ အာရှအားကစား ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် စခန်းဝင်လေ့ကျင့်လျက် ရှိသော ဝူရှူးအားကစားသမား များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြိုင်ပွဲတွင် စံချိန် စံညွှန်းကောင်းမွန်ပြီး အရည် အသွေး အရည်အချင်းပြည့်ဝစွာ ဖြင့် ယှဉ်ပြိုင်သွားရန်၊ နိုင်ငံတော် အနေဖြင့် အားကစားကဏ္ဍကို အထူးအလေးထား ဆောင်ရွက် လျက်ရှိသည့်အတွက် အားကစား ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကို အစွမ်းကုန် ကြိုးစားစေလိုကြောင်း၊ အာရှအဆင့် ဖြစ်သည့်အတွက် ပြိုင်ဘက်ကောင်းများနှင့် ယှဉ်ပြိုင် ရမည်ဖြစ်၍ အတွေ့အကြုံ ကောင်းများလည်း ရရှိနိုင်မည်ဖြစ် ကြောင်း၊ အောင်မြင်မှုရရှိပါက နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည့် အတွက် အစွမ်းကုန် ကြိုးစား သွားကြရန် အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် တွင် စခန်းဝင်လေ့ကျင့်လျက်ရှိ သော ပြိုင်ပွဲဝင်အားကစားသမား များကို တွေ့ဆုံ၍ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲနှင့် အိုလံပစ် အားကစားပြိုင်ပွဲများသည် မြန်မာ နိုင်ငံအနေဖြင့် အမြဲဝင်ရောက် ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲများဖြစ်ကြောင်း၊ ယခုဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲ တွင်လည်း ယခင်က ရရှိခဲ့သည့် အောင်မြင်မှုများကဲ့သို့ ရရှိအောင် အစွမ်းကုန် ကြိုးစားကြစေလို ကြောင်း ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တို ဘာ ၈ ရက်အထိ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ အနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ E-Sports အားကစား အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်