နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုခရိုင်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် ဆန်၊ ဆီများ လှူဒါန်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး

 

ပူတာအို   စက်တင်ဘာ   ၂၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်ဒွဲဘူသည်  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၉ ရက်  နံနက်ပိုင်းက ပူတာအိုမြို့  ဒုတ္တန်ရပ်ကွက်အတွင်းရှိ နမ့်ထွမ်ချောင်းရေမှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။


ထို့နောက် ပူတာအိုမြို့  မြို့မရပ်ကွက် အတွင်းရှိ     တောင်တန်းသာသနာပြု ကျောင်းတိုက်သို့ရောက်ရှိပြီး    မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ    ဟိုခိုကျောင်း ဆရာတော်အမှူးပြုသော   ဆရာတော်/ သံဃာတော်များထံမှ   ငါးပါးသီလခံယူ ဆောက်တည်ကြကာ နိုငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က     ဟိုခိုကျောင်း ဆရာတော်ထံ  လှူဖွယ်ပစ္စည်းများ၊ ဆွမ်း ဆန်တော်၊ ဆီနှင့်ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်း၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  ပြည်နယ်ဝန်ကြီးများ၊   ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆရာတော်/ သံဃာတော် များအတွက် ဆွမ်းဆန်တော် ခုနစ်အိတ်၊ ဆီ လေးပုံး၊        လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ     ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ဝိုင်းဝန်းပူးပေါင်း


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည်   ပူတာအိုမြို့   ဖုန်ကန်ရာဇီ ခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေ နှင့်        ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ရပ်ကွက်/  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များ၊    လူမှုပရဟိတ  အသင်း/အဖွဲ့များ၊ ဒေသခံပြည်သူများနှင့်         တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်      ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို  ရေးဆွဲချမှတ်ပြီး အဓိက   နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍   စည်းကမ်းပြည့်ဝသော   ပါတီစုံ ဒီမိုကရေစီစနစ်ကို   တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို    အခြေခံသည့်    ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ မိမိတို့တစ်ဦးချင်းစီက စည်းလုံး ညီညွတ်စွာဖြင့်    အတူတကွ   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည်     ဖြစ်ပါ ကြောင်း၊  ထို့ပြင်   ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး     လုပ်ငန်းစဉ်များ တွင်လည်း  အားလုံးက  ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထောက်ပံ့ပေးအပ်


ဆက်လက်၍   တက်ရောက်လာကြ သည့်    တိုင်းရင်းသားစာပေနှင့်   ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊   ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး        ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု       အခြေအနေကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ခရိုင်/ မြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့များ အတွက်   အမှတ်တရလက်ဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များနှင့် လူမှုပရဟိတအသင်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။


ဖြည့်ဆည်းဆောင်ရွက်ပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တိုးတက်လာသည့် မြို့ပြများနှင့် တန်းတူညီမျှသည့် ဖွံ့ဖြိုးတိုးတက်သော တောင်ပေါ်ဒေသများဖြစ်စေရေး  ဘဏ္ဍာ ငွေခွဲဝေသုံးစွဲမှုအပေါ် စနစ်တကျ စီမံခန့်ခွဲ သွားရေးနှင့် လိုအပ်သည်များအပေါ် ညှိနှိုင်း ပေါင်းစပ်၍  ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။


မွန်းလွဲပိုင်းတွင်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည်        ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန     အစည်းအဝေး ခန်းမ၌    ခရစ်ယာန်ဘာသာရေးအသင်း အဖွဲ့ အသီးသီးမှ ဘာသာရေးခေါင်းဆောင် များနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က အမှာစကား ပြော ကြား၍    ခရစ်ယာန်ဘာသာရေးအသင်း အဖွဲ့   ၁၃ ဖွဲ့တို့အတွက်  ဆန်အိတ်  ၁၃ အိတ်၊     ၁၀ ပိဿာဝင်   ဆီခြောက်ပုံးနှင့် ငွေကျပ် ၁၃ သိန်းတို့ကို  ပေးအပ်လှူဒါန်း ကြကာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က    တင်ပြချက်များ အပေါ်   လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်     ပြည်နယ် ဝန်ကြီးချုပ်တို့သည်      ခရိုင်ပြည်သူ့ အားကစားကွင်းအတွင်း   ကျင်းပပြုလုပ် သည့် ပူတာအိုခရိုင်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရန်   ရည်ရွယ်ကျင်းပပြုလုပ် သည့် ကလပ်ပေါင်းစုံ  အမျိုးသားအလွတ် တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားသို့      တက်ရောက်၍ ဗိုလ်လုပွဲစဉ်အဖြစ် အာဂါပေအသင်းနှင့် ယူနီတီအသင်းတို့   ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ  အာဂါပေအသင်း က ငါးဂိုး -  တစ်ဂိုးဖြင့်    အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က       ပထမဆုရ ဘောလုံးအသင်းအတွက်      တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်က ပထမဆုရ     ဘောလုံးအသင်းအတွက် တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း    ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။


ရဝမ်အမျိုးသားပြတိုက် 
သွားရောက်ကြည့်ရှု


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့နံနက်ပိုင်းတွင်     ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း    (နမ့်တာလဲ)   ကို လည်းကောင်း၊   ဒုတ္တန်ရပ်ကွက်အတွင်းရှိ ရဝမ်မနောဥယျာဉ်အတွင်း ရဝမ်အမျိုးသား ပြတိုက်ကိုလည်းကောင်း       သွားရောက် ကြည့်ရှုပြီး     ရဝမ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီအတွက်    ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။


ထိုမှတစ်ဆင့် အဆိုပါ ဒုတ္တန်ရပ်ကွက် အတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ပူတာအို)သို့ သွားရောက်ပြီး   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊     ခရိုင်ဦးစီးမှူးရုံးက    ကြီးမှူး၍ ကျောင်းသား  ကျောင်းသူများနှင့်  ဆရာ ဆရာမများအား Biometric (ဇီဝဆိုင်ရာ)အချက်အလက်  ကောက်ယူခြင်းလုပ်ငန်း များဆောင်ရွက်မှုကိုကြည့်ရှုပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က  နိုင်ငံ အတွက်  အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် အလေးထားလုပ်ဆောင် ကြရေးနှင့် ပြည်သူများအားလုံး  ပူးပေါင်း ပါဝင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက်   အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း၌  ဒေသခံများအတွက် အခြေခံ လျှပ်စစ်မီးသွယ်တန်းခြင်း   လုပ်ငန်းများ သင်ကြားနေမှုနှင့်  ကျောင်းသားများအား ဘာသာရပ်အလိုက်  ပညာသင်ကြားနေမှု အခြေအနေများကို   လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ ငွေများ ပေးအပ်ကြသည်။


 ကြည့်ရှုစစ်ဆေး


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့သည် ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်အတွင်းရှိ        မတ်ပန်ကွင်း၌ အထွက်တိုး    ဆင်းဧကရီ - ၃    မိုးစပါး စိုက်ကွင်းအတွင်း မြေသြဇာကြဲပက်ပွဲနှင့် သဘာဝမြေသြဇာ သရုပ်ပြပြုလုပ်အသုံးပြု နည်းများ       တောင်သူအသိပညာပေး အခမ်းအနားသို့ တက်ရောက်ပြီး စိုက်ပျိုး ရေးဦးစီးဌာန       ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၏ သရုပ်ပြရှင်းလင်းတင်ပြ မှုများကို    ကြည့်ရှုစစ်ဆေးကာ   လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ ထောက်ပံ့ငွေများကို  ပေးအပ်ကြကြောင်း သိရသည်။                  

သတင်းစဉ်