
ရန်ကုန် စက်တင်ဘာ ၁၉
ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များ ဖြင့် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် စောင့်ကြည့် စစ်ဆေးသည့်စနစ် Logistic Surveillance (E-Lock) လုပ်ငန်း စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်၌ ကျင်းပ သည်။
အခမ်းအနားတွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌဦးရန်နိုင်ထွန်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဆွေတို့က အမှာစကားပြောကြားသည်။
ထို့နောက် တာမိုးညဲအုပ်စု ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက် အုပ်ချုပ်မှု ဒါရိုက်တာက ကုန်သေတ္တာ၊ အလုံ ပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်း များ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာမိုးညဲ အုပ်စု ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌတို့သည် ကုန်သေတ္တာ၊ အလုံ ပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်း များ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့် စနစ် လုပ်ငန်းစတင်ခြင်း အခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူတို့သည် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများ ထည့်သွင်းခြင်းနှင့် E-Lock ခပ်နှိပ်ပြီး မော်တော်ယာဉ် များ ထွက်ခွာခြင်းတို့ကို ကြည့်ရှု စစ်ဆေးကြသည်။
နိုင်ငံတော်အနေဖြင့် E-Lock စနစ်ကို ဆောင်ရွက်အသုံးပြုခြင်း ဖြင့် သယ်ယူပို့ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် နိုင်ခြင်း၊ ခရီးစဉ်လမ်းကြောင်းကို အချိန်မရွေး ပြန်လည်ကြည့်ရှု နိုင်ခြင်း၊ ခရီးစဉ်အရေအတွက် သိရှိနိုင်ခြင်း၊ ကုန်သွယ်မှု လမ်းကြောင်း ကြာမြင့်ချိန်သိရှိ နိုင်ခြင်း၊ Trade Data စနစ်ဖြင့် လုံခြုံစွာ သိမ်းဆည်းနိုင်ခြင်း၊ E-lock ခပ်နှိပ်ထားခြင်းဖြင့် တရားဝင်ကုန်သွယ်မှုဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်သဖြင့် တရား မဝင်ကုန်သွယ်မှုကို တားဆီး ထိန်းချုပ်နိုင်ခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝ ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည့်အပြင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ကုန်စည် သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန် ခြင်း၊ လမ်းကြောင်းတစ်လျှောက် ဖွင့်ဖောက် စစ်ဆေးမှုမရှိခြင်း ကြောင့် အချိန်ကုန်သက်သာခြင်း၊ ကုန်တင်ယာဉ် တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကုန်တင်ယာဉ် ရောက်ရှိမည့်အချိန် ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်း ကုန်ပစ္စည်းများ ပျောက်ဆုံးမှု မရှိနိုင်ခြင်း၊ ကုန်ပစ္စည်းအလေ အလွင့်နည်းပါးခြင်းနှင့် ကုန်ကျ စရိတ်များ သက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ် သည်။
E-Lock စနစ်ကို Phase 1 အနေဖြင့် ရန်ကုန်သီလဝါ (SEZ)မှ မြဝတီမြို့သို့ အသွား၊ အပြန် ကုန်စည်ပို့ဆောင်မှုကို စတင် ဆောင်ရွက်မည်ဖြစ်ပြီး Phase 1 အောင်မြင်ပါက Phase 2 အနေ ဖြင့် ရန်ကုန်-မြဝတီ အသွား၊ အပြန်၊ ရန်ကုန်-မန္တလေး အသွား၊ အပြန်၊ မန္တလေး-မူဆယ် အသွား၊ အပြန် တို့တွင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံအတွင်း E-Lock စနစ် အောင်မြင်စွာဆောင်ရွက်နိုင် ပါက မကြာမီအကောင်အထည် ဖော်ဆောင်ရွက်မည့် (ASEAN CUSTOMS TRANSIT) အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံ ဖြတ်ကျော်၍ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု လုပ်ငန်း စဉ်များကို အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်