
နေပြည်တော် စက်တင်ဘာ ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်)အတွင်း၌ တည်ဆောက်ထားရှိသည့် ဆေးဝါးစက်ရုံ သမိုင်း ပြခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက စက်ရုံမှူးနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြသထားသည့်စက်မှု သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ စက်ပစ္စည်း များ ပြည့်စုံစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်သည့် စက် ပစ္စည်းများ၏ အလုပ်လုပ်ကိုင်ပုံ၊ ထုတ်နိုင်စွမ်းကို ဆေးဝါးပညာသင် များ နားလည်လွယ်ကူစေရန် ပုံစံ ကားချပ်များ ရေးဆွဲဖော်ပြရန်၊ အဆိုပါကားချပ်များကို မှတ်တမ်း စာအုပ်ပြုစုထားရှိရန်၊ စက်အမျိုး အစားတစ်ခုချင်းစီ၏ လုပ်ဆောင်ပုံ များကိုလည်း ဆေးထုတ်လုပ်ရေး ပညာသင်လေ့လာသူများ ရှင်းလင်း စွာ လေ့လာသိရှိနိုင်စေရေးအတွက် ပြုစုပြသသွားရန် လိုကြောင်း၊ ဆေးဝါးစက်ရုံ သမိုင်းပြခန်း၏ ဖွဲ့စည်းပုံအား ဆေးဝါးစက်ရုံ (အင်းစိန်)၏ ဖွဲ့စည်းပုံအတွင်းမှ ဆောင်ရွက်ရန်။
ဆေးဝါးထုတ်လုပ်သူ ပညာရှင် များ၊ ဆေးဝါးဗေဒပညာရှင်များ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အင်ဂျင် နီယာများ လေ့လာရာတွင် အထောက်အကူ ဖြစ်စေမည့် မှတ်တမ်းအထောက်အထားများ၊ ဆေးဝါးထုတ်လုပ်မှုနှင့် သက်ဆိုင် သောကျမ်းစာအုပ်များ၊ ဆေးဝါး ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများ ၏ သင်ရိုးမာတိကာများ၊ သင်ရိုး ညွှန်းတမ်းများအားပြုစု၍ စုံလင် စွာပြသနိုင်ရေး စီမံဆောင်ရွက် သွားရန်နှင့် ဆေးဝါးစက်ရုံသမိုင်း ပြခန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ပညာရှင်၊ အတတ်ပညာရှင်နှင့် အဖွဲ့အစည်းများကို မှတ်တမ်း တင်ထားရှိရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဆေးဝါးစက်ရုံသမိုင်း ပြခန်းအတွင်း၌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက် များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်