နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေး၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

 

မြစ်ကြီးနား  စက်တင်ဘာ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ  ယနေ့ နံနက်ပိုင်းတွင်   ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  ပြည်နယ် တရားလွှတ်တော်   တရားသူကြီးချုပ်   ဦးတူးဂျာနှင့်    တရားရေးဝန်ထမ်းများ၊   ပြည်နယ်ဥပဒေချုပ်နှင့်  ဥပဒေအရာရှိများ၊ ပြည်နယ် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ များ၊  ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ  အရာထမ်း၊ အမှုထမ်းများ၊ ဥပဒေ အထောက်အကူပြုအဖွဲ့များ၊ ရှေ့နေအဖွဲ့ များနှင့် တွေ့ဆုံသည်။
ထိုသို့  တွေ့ဆုံစဉ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က စစ်မှန် ပြီး   စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်ရေးအတွက်       တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးအတွက် အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်သွားရမည်     ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရေးနှင့်   တရား ဥပဒေစိုးမိုးရေးအတွက်   သက်ဆိုင်ရာ တရားရေးအဖွဲ့၊ ဌာနဆိုင်ရာများ အချင်း ချင်းချိတ်ဆက်၍   စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်        ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်  တရား ရေးဦးစီးမှူးတို့က တရားရေးဆိုင်ရာ အမှု အခင်းများနှင့်   တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က ဌာနဆိုင်ရာစာချုပ် များနှင့် စပ်လျဉ်း၍  ဥပဒေအကြံပြုခြင်း ဆိုင်ရာလုပ်ငန်းများကို  လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးက   တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများကို   လည်း ကောင်း၊  ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ် တရားစီရင်ရေးဆိုင်ရာကိစ္စရပ် များ ပေါင်းစပ်ဆောင်ရွက်အဖွဲ့၏ လုပ်ငန်း တာဝန်များကို လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက     မဲစာရင်းမှန်ကန်မှု   ရှိစေရေး ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့သည့်လုပ်ငန်းများကို    လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် အချင်းချင်းထိန်းညှိ ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်းပြောကြားပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သက်ဆိုင် ရာအဖွဲ့အစည်း၊  ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် လိုအပ်သည်များ ကို   ပေါင်းစပ်ညှိနှိုင်း၍    ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီး ချုပ်တို့သည်    လေကြောင်းခရီးစဉ်ဖြင့် ပူတာအိုခရိုင် ပူတာအိုမြို့သို့ ရောက်ရှိကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့ သည် ပူတာအို မြို့ လုံးစွတ်ရပ်ကွက်အတွင်း ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေကျပ် သိန်း ၃၅၀ ပံ့ပိုးမှုဖြင့် ဒေသတွင်းပထမဆုံး တည်ထောင်ဖွင့်လှစ်ထားသည့်   ဆန် စိုက်ပျိုးရေးနှင့်    အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းလီမိတက်ပိုင် တစ်ရက်လျှင် ဆန် ၁၈ တန်ကျ ဆန်စက် လုပ်ငန်းကို      သွားရောက်ကြည့်ရှုကြ ပြီး  လိုအပ်ချက်/ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည်     အဆိုပါ ရပ်ကွက်အတွင်းရှိ   နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေကျပ်  ၁၀  သိန်း  ပံ့ပိုးမှုဖြင့် မွေးမြူရေးတောင်သူ  ဦးမကူနော်အောင် ၏  ငါးမွေးမြူရေးကန်၌  ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမ၊ ငါးဂလာ၊ ငါးလိုင်၊ တီလား ပီးယားငါးနှင့်ဒေသမျိုးရင်း ငါးနီငါးကောင် ရေ  တစ်သောင်းကျော်    မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ဂျိမ်းဖောစာပေနှင့်  ယဉ်ကျေးမှုအသင်း အသင်းပိုင်ရုံးတည်ဆောက်ရာတွင် အကူ အညီပေးနိုင်ရေး၊   မနောကွင်းမြေနေရာ ရရှိရေးနှင့် လိုအပ်ချက်များကို  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့    တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်     ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။            

သတင်းစဉ်