
ယူရို ခြေစစ်ပွဲ အုပ်စု (က) မှ ပွဲစဉ် (၆) အဖြစ် စက်တင်ဘာ ၁၃ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က စပိန်နှင့် ဆိုက်ပရပ်စ်အသင်းတို့ ယှဉ်ပြိုင် ကစားရာ စပိန်အသင်းကတစ်ဖက် သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ခြောက်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
စပိန်အသင်းသည် ယခုပွဲစဉ် မတိုင်မီ စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျော်ဂျီယာ အသင်းနှင့် ပွဲစဉ်တွင်လည်း တိုက်စစ်ခြေစွမ်းပြကာ ခုနစ်ဂိုး-တစ်ဂိုးဖြင့် ပြတ်ပြတ်သားသား နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။
ယခုနှစ် ရာသီတွင် အက်စ်ပန်ညိုအသင်းမှ ရီးရဲမက်ဒရစ်အသင်း ထံသို့ အငှားချထားခံရသော တိုက်စစ်ကစားသမား ဂျိုဆီလူသည် သွင်းဂိုး ရယူနိုင်ခဲ့သည့်အတွက် စပိန်အသင်းအတွက် ခြောက်ပွဲကစားပြီး သွင်းဂိုး လေးဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်သည်။
ထို့အပြင် ယနေ့ပွဲစဉ်တွင် လူငယ်ကစားသမား ယာမဲလ်သည် အသက် ၁၆ နှစ်နှင့် ၆၁ ရက် ဖြင့် စပိန်အသင်း၏ အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။
လေးပွဲရှုံးနိမ့်
ဆိုက်ပရပ်စ်အသင်းသည် စပိန်အသင်းကို ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ သောကြောင့် နောက်ဆုံးကစားခဲ့သည့် လေးပွဲတွင် လေးပွဲစလုံး ရှုံးနိမ့် သည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။
စပိန်အသင်းအတွက် သွင်းဂိုးများကို ဂါဗီ၊ မာရီနို၊ ဂျိုဆီလူ၊ တောရက်စ်နှင့် အဲလက်ဇ်တို့က သွင်းယူပေးနိုင်ခဲ့သည်။ ယခုနိုင်ပွဲ ကြောင့် စပိန်အသင်းသည် လေးပွဲကစားပြီး ရမှတ် ကိုးမှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ဘက် ဆိုက်ပရပ်စ်အသင်း က ငါးပွဲကစားပြီး ငါးပွဲစလုံး ရှုံးနိမ့်ထားသည့်အတွက် ရမှတ် မရရှိသေး ပေ။
အောင်ဇော်