
နေပြည်တော် စက်တင်ဘာ ၁၃
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Premier Auto-motive Ltd. မှ တင်သွင်းလာသော Geely Geometry E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်သို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှု အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
သတင်းစဉ်