
နေပြည်တော် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့ပေါ်နေ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာ ပြုများပါဝင်သော နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်က နေပြည် တော်မှ စတင်ထွက်ခွာလာရာ အဆိုပါနယ်လှည့်အထူးဆေးကုသ ရေးအဖွဲ့အား ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေး ချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး၊ ကျန်းမာ ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် စက် တင်ဘာ ၁၂ ရက်တွင် ရွှေဘိုမြို့သို့ ရောက်ရှိကာ မြို့တော်ခန်းမ၌ အခြေပြုပြီး ယနေ့တွင် ရွှေဘို မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ သံဃာတော် များနှင့် ဒေသခံပြည်သူ စုစု ပေါင်း ၇၂၀ တို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ ကလေး ရောဂါ ၅၃ ဦး၊ သားဖွားမီးယပ် ရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ ၂၃၀ နှင့် သွားရောဂါ ၄၄ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ရှစ်ဦးနှင့် မျက်စိခွဲစိတ်လူနာ လေးဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၆၆ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၉ ဦးတို့ကိုရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီ အစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ ရန် လိုအပ်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Bio-metric အချက်အလက်ကောက်ယူ ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးသည်။
နယ်လှည့်အထူးဆေးကုသ ရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေ သည့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေး ကြသည်။ ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်