
နေပြည်တော် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် အကြိမ် (၂၀) မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်း အဝေး 20th ASEAN Air Chiefs Con-ference (20th AACC ) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Moham-mad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီး ချုပ် Gen. Soeung Samnang ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည် တော်သို့ ရောက်ရှိကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်က အစည်းအဝေးသို့ တက်ရောက်လာသည့် ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ လေတပ်ဦးစီးချုပ်များ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့များအား အဆိုပါ နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံ၍ အာဆီယံလေတပ်ဖွဲ့များ အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ် များ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များသည်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ အပြန်အလှန် ပြုလုပ်ခဲ့ ကြသည်။
ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံ ကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th AACC) ကို နေပြည်တော်၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန (၁) ရှိ ပတ္တမြားခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးဆုံးဖြတ်ချက်များ
အတည်ပြု
ဦးစွာ အခမ်းအနားအစီအစဉ်များကို ဖတ်ကြားအတည်ပြုပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြကာ အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး အဆက်ဆက်၏ အမှတ်တရ Short Video Clip ကို ပြသသည်။ ထို့နောက် သဘာပတိ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အကြိမ်(၂၀) မြောက် အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေး အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားပြီး အစည်းအဝေး ကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ဆွေးနွေး ပွဲခေါင်းစဉ်ဖြစ်သော "ASEAN Air Forces’ Cooperation for Sustainable Environ-ment" အကြောင်းအရာအား အိမ်ရှင် မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာ သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ် ဦးစီးချုပ်များက ဆွေးနွေးခဲ့ကြပြီး ဖိလစ် ပိုင်နိုင်ငံနှင့် စင်ကာပူနိုင်ငံ လေတပ်ဦးစီး ချုပ်များက Video Message ပေးပို့၍ ပါဝင် ဆွေးနွေးကြသည်။ ထို့နောက် သီးခြား ဆွေးနွေးလိုသော အချက်များအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။
ဆက်လက်၍ သဘာပတိကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး (၂၁) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ် ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပြီး ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြား ခဲ့သည်။ ထို့နောက် အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေး ဆွေးနွေးညှိနှိုင်း သဘောတူညီချက် များအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
ညနေပိုင်းတွင် အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေး (20th AACC)သို့ တက်ရောက်လာ ကြသည့် လေတပ်ဦးစီးချုပ်များအား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ် များ၊ တပ်မတော်(လေ)မှ အရာရှိကြီးများ နှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စား လှယ်များ တက်ရောက်ကြကာ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်း အောင်က အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များအား ခင်မင်ရင်းနှီး စွာ နှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က နှုတ်ခွန်းဆက်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့် ညစာကိုအတူတကွ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များ က အကအလှတေးသံသာများဖြင့် ကပြ သီဆို ဖျော်ဖြေခဲ့ကြသည်။
ထို့အပြင် အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC)၏ ဆက်စပ်အစည်း အဝေးတစ်ခုဖြစ်သော (၁၀)ကြိမ်မြောက် အာဆီယံလေတပ်များ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း အဝေး 10th ASEAN Air Forces Educa-tion and Training – Working Group Meeting( 10th AAFET-WG ) ကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ အဆိုပါအခမ်းအနားသို့ အာဆီယံ ၁၀ နိုင်ငံ လေတပ်များ၏ တက်ရောက် လာကြသော ကိုယ်စားလှယ်များက "Advancing Education and Training Exchanges for Sustainable Environ-ment Amongst ASEAN Air Forces" အကြောင်းအရာကို ဆွေးနွေးခဲ့ကြပြီး သဘာပတိက ဆွေးနွေးပွဲ အနှစ်ချုပ်ကို ဖတ်ကြားခဲ့သည်။
(၁၁) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး (11th AACC) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် က နေပြည်တော်၌ မြန်မာနိုင်ငံက ပထမ အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုကျင်းပသည့် အစည်းအဝေးသည် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ခြင်းဖြစ်သည်။
လိုက်လံရှင်းလင်းပြသ
အဆိုပါအစည်းအဝေးသို့ တက်ရောက် လာသည့် အဖွဲ့ဝင်နိုင်ငံများမှ လေတပ် ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော် ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော် များနှင့် သာသနိကအဆောက်အဦများ အား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ၏ ဇနီးနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၏ဇနီးများ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ထပ်မံဖူးမြော် ကြည်ညိုခဲ့ပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက်လေ့လာရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့သည်။ မွန်းလွဲပိုင်းတွင် တည်းခိုရာဟိုတယ်၌ လေတပ်စခန်းဌာန ချုပ်နှင့် လေတပ်စခန်းအသီးသီးတို့မှ ခင်းကျင်းပြသထားသော ရိုးရာယဉ်ကျေး မှုနှင့် အိမ်တွင်းလက်မှုလုပ်ငန်းဆိုင်ရာ ပြခန်းများသို့ သွားရောက်ပြီး စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုကြရာ ပြခန်း တာဝန်ခံများက သိရှိလိုသည်များအား ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်