ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    စက်တင်ဘာ     ၁၃


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံရင်းနှီးချစ်ကြည် စွာ   ဆက်ဆံဆောင်ရွက်ခဲ့မှု၊   နှစ်နိုင်ငံပြည်သူများ  အပြန်အလှန်     ကူးလူးဆက်သွယ်      လာရောက် လည်ပတ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရသည့်  နီပေါနိုင်ငံသားများအား    ရှာဖွေကယ်ဆယ်ရေးနှင့် နေရပ်သို့      ပြန်လည်စေလွှတ်ပေးနိုင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရေး၊   မြန်မာနိုင်ငံသို့  အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နီပေါနိုင်ငံသား များ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်သည်များ ရှိပါက  ဆက်သွယ်ဆောင်ရွက်နိုင်မည့်  နည်းလမ်း များနှင့်စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အတူ    ဒုတိယဝန်ကြီး   ဦးဌေးလှိုင်၊   အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။                  

သတင်းစဉ်