
ပလက်ဝ စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီက ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က ဒေသတည် ငြိမ်အေးချမ်းရေးသည် အဓိက ကျကြောင်း၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည် ထောင်စု တည်ဆောက်နိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် သည် အရေးအကြီးဆုံးဖြစ်ပါ ကြောင်း၊ မိမိတို့ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ပလက်ဝခရိုင် သည် စိုက်ပျိုးရေး၊ မွေးမြူရေး အလားအလာကောင်းသည့် ဒေသ ဖြစ်၍ ဒေသဝမ်းစာဖူလုံရုံသာမက ပိုလျှံအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
အောင်မြင်စွာဖွင့်လှစ်နိုင်
ဆက်လက်၍ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်က ပြည်နယ်ရှိ ခရိုင်ခြောက်ခု အနက် ပလက်ဝခရိုင်သည် လူဦး ရေ တစ်သိန်းကျော်ဖြင့် လူဦးရေ အများဆုံးနေထိုင်ရာ ဒေသတစ်ခု ဖြစ်ကြောင်း၊ အခြေခံပညာကျောင်း များ ဖွင့်လှစ်မှုရာနှုန်း အများဆုံး ခရိုင်ဖြစ်ပြီး စက်မှုစိုက်ပျိုး မွေးမြူ ရေး အထက်တန်းကျောင်းတစ်ခု အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြည်သူအများအပြား အသိပညာ မြင့်မားရေးသည် ဒေသရှိ ပြည်သူ များ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ပါကြောင်း၊ သို့ဖြစ် ၍ ကျောင်းသင်ပညာရေးနှင့် ကျောင်းပြင်ပပညာရေး နှစ်မျိုး စလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်ပေးမည်
ထို့နောက် ပလက်ဝခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက ဒေသဆိုင်ရာ အချက်အလက်များ ကို ရှင်းလင်းတင်ပြပြီး ပလက်ဝ မြို့နယ် ခုတင် (၁၀၀) ဆေးရုံ အဆင့်တိုးမြှင့်ပေးရန်၊ ဆရာဝန် အင်အား ဖြည့်တင်းပေးရန်၊ မဟာ ဓာတ်အားလိုင်း သွယ်တန်းပေး ရေးနှင့် ဓာတ်အားခွဲရုံ တည် ဆောက်ပေးရေးကို လည်းကောင်း၊ မြို့မိမြို့ဖ ဦးဇာနီနှင့် ဦးစနီအောင် တို့က ကျောက်တော် − ပလက်ဝ ရေကြောင်းလမ်း တစ်ရက်ခြား ပုံမှန် သင်္ဘောပြေးဆွဲခွင့်ပြုပေး ရန်၊ ပလက်ဝ − ဆမီး ကားလမ်း အား ရာသီမရွေး သွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေး ရန်၊ မြို့နယ်ခန်းမဆောင် တည် ဆောက်ပေးရန် တင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် က ပြည်ထောင်စုအဆင့်ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ပလက်ဝမြို့မိမြို့ဖ ဦးဇာနီ၊ ဦးစနီအောင်၊ ဦးခိုင်ငိုင်း တို့က လက်ခံရယူကြသည်။
အဆိုပါ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ ပုဂ္ဂိုလ်များ၊ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ မြို့ဖများနှင့် စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ချင်းပြည်နယ်(ပြန်/ဆက်)