တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီလမှ ဩဂုတ်လအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၁၅၂ သန်း ဆောင်ရွက်နိုင်

 

တာချီလိတ်  စက်တင်ဘာ  ၁၃


တာချီလိတ်ကုန်သွယ်ရေးစခန်း  အနေ ဖြင့်     ထိုင်းနိုင်ငံ၊     တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  (ဧပြီလမှ ဩဂုတ်လအထိ)  ပို့ကုန်အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၉၉၃ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၄၃ ဒသမ ၁၅၉  သန်း  စုစုပေါင်း ကုန်သွယ်မှုပမာဏ    အမေရိကန်ဒေါ်လာ ၇၂  ဒသမ  ၁၅၂  သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၃   ခုနှစ်    စက်တင်ဘာ  ၁၂  ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူတန်ချိန် ၄၇ ဒသမ ၅ တန်၊ ကော်ဖီစေ့ ၁၇ တန်၊ ကတ်ထူစက္ကူအဟောင်း    ၃၆   တန် တင်ပို့နိုင်ခဲ့သည်။        သွင်းကုန်အနေဖြင့် စက်သုံးဆီ၊      ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး   ပစ္စည်းများ ဖြစ်ပြီး  ဒီဇယ်  ၂၆၂  BBL ၊ ဓာတ်ဆီ ၅၉၈ BBL ၊  ဘိလပ်မြေ တန်  ၃၆၀၊  မီးခံအုတ် ၃၅  တန်၊  ကွန်ကရစ် အမိုးပြား ၇ ဒသမ ၅၅၀ တန်၊ မှန်ချပ် ၁၀၀၀ စတုရန်းမီတာ နှင့် အခြားပစ္စည်းများ  တင်သွင်းနိုင် သည်။ ငွေလဲနှုန်းအနေဖြင့်    ၂၀၂၃ ခုနှစ်  စက်တင်ဘာ  ၁၂ ရက်တွင် မြန်မာကျပ်ငွေ    တစ်သိန်းလျှင် ၁၀၁၀ ဘတ်      ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။     


သတင်းရင်းမြစ်-  စီးပွား/ကူးသန်း