ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ (Russia- Myanmar Cadets Swimming Competition) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ဗိုလ်လောင်းများ ပြန်လည်ရောက်ရှိ

 

နေပြည်တော်    စက်တင်ဘာ    ၁၂


မြန်မာ့တပ်မတော်     အနေဖြင့်      ပြည်ပနိုင်ငံများ၏ တပ်မတော်များ နှင့်    ဆက်ဆံရေး    ပိုမိုတိုးတက် ခိုင်မာအားကောင်းစေရန်  အပြန် အလှန်    လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊      ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ  ကျင်းပခြင်း နှင့်   နိုင်ငံတကာ    တပ်မတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းများ    ဆောင်ရွက် လျက်ရှိသည်။


ဝင်ရောက်ယှဉ်ပြိုင်


ထိုသို့    ဆောင်ရွက်လျက်ရှိ ရာ   မြန်မာ့တပ်မတော်နှင့်  ရုရှား တပ်မတော်နှစ်ရပ်           အကြား ချစ်ကြည်ရင်းနှီးမှု     ပိုမိုခိုင်မာ အားကောင်းလာစေရန် ရည်ရွယ် ၍       ရုရှားဖက်ဒရေးရှင်းနိုင်ငံ  စိန့်ပီတာစဘတ်မြို့ရှိ       ရုရှား  တပ်မတော် အားကစားတက္ကသိုလ် ၌ စက်တင်ဘာ ၅ ရက်မှ ၁၀ ရက် အထိ ကျင်းပပြုလုပ်သည့် ရုရှား- မြန်မာ   နှစ်နိုင်ငံ   ဗိုလ်လောင်းများ   ရေကူးပြိုင်ပွဲ  (Russia- Myanmar Cadets      Swimming    Com-petition) သို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။


အဆိုပါ     ရေကူးပြိုင်ပွဲသို့ ဝင်ရောက်    ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့တပ်မတော်မှ       အသင်း  အုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့်  ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည်  စက်တင်ဘာ ၅ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ      စိန့်ပီတာ စဘတ်မြို့သို့    ရောက်ရှိကြရာ ရုရှားတပ်မတော်မှ    တာဝန်ရှိသူ များက   ခင်မင်ရင်းနှီးစွာ    ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။       ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများ   ရေကူးပြိုင်ပွဲကို       စက်တင်ဘာ ၅  ရက်မှ  ၁၀  ရက်အထိ   ပြိုင်ပွဲ အမျိုးအစား ၁၅ မျိုးဖြင့်  ကျင်းပ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော် မှ ပြိုင်ပွဲဝင်  ဗိုလ်လောင်းများအနေ ဖြင့်  ရွှေတံဆိပ် တစ်ခု၊  ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ၁၂ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ တာဝန်ရှိသူ များက  ဆုတံဆိပ်များ  ပေးအပ် ချီးမြှင့်ကြသည်။ 


သွားရောက်လေ့လာ


ထို့ပြင်  မြန်မာ့တပ်မတော်မှ  အသင်းအုပ်ချုပ်သူ နည်းပြအရာရှိ ကြီးနှင့်   ပြိုင်ပွဲဝင်   ဗိုလ်လောင်း များသည်  စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်    အားကစား တက္ကသိုလ်၊      အမြောက်သမိုင်း ပြတိုက်၊   AVRORA  စစ်သင်္ဘောပြတိုက်နှင့်   အထင် ကရနေရာများသို့      သွားရောက်  လေ့လာခဲ့ခြင်း၊  ရုရှားတပ်မတော်မှ       ပြိုင်ပွဲဝင်   ဗိုလ်လောင်းများနှင့် အတူ     အမှတ်တရ     စုပေါင်း   မှတ်တမ်းတင်  ဓာတ်ပုံရိုက်ခြင်းနှင့် လက်ဆောင်ပစ္စည်း    အပြန်အလှန် လဲလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ ကြပြီး   တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့် နိုင်ခဲ့ကြသည်။


အဆိုပါ မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိ ကြီးနှင့်   ပြိုင်ပွဲဝင်   ဗိုလ်လောင်း  များသည်  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြရာ   ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူ များက      ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။


မြန်မာ့တပ်မတော်     အနေ ဖြင့်    အရာရှိ၊     စစ်သည်များနှင့် ဗိုလ်လောင်းများအား နိုင်ငံတကာ အတွေ့အကြုံများ      ရရှိစေရေး၊ စစ်ဘက်       အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ နှင့်   ချစ်ကြည်ရင်းနှီးမှုများ   ရရှိ စေရေးအတွက်   တပ်မတော် အချင်းချင်းအပြန်အလှန် လေ့လာ ရေးခရီးစဉ်များ စေလွှတ်ခြင်းနှင့်  နိုင်ငံတကာ            တပ်မတော် အားကစားပြိုင်ပွဲများသို့      ပါဝင် ယှဉ်ပြိုင်ခြင်းများကို     စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်