ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ ကာကွယ်ဆေးမျိုးစုံကို အအေးလမ်းကြောင်းမပျက် စနစ်တကျသယ်ယူ ပို့ဆောင်သွားနိုင်မည်

 

နေပြည်တော်   စက်တင်ဘာ   ၁၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဌာန  ဗဟိုကာကွယ်ဆေး   သိုလှောင်အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အဦသစ်  ဖွင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီက  ရန်ကုန်တိုင်း ဒေသကြီး  မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်း   ဗဟို ကာကွယ်ဆေး  သိုလှောင်အအေးခန်း   (ရန်ကုန်)၌ ကျင်းပသည်။         
 အခမ်းအနားသို့    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်း၊   ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်  ဇော်ဟိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဗဟို အဆင့် ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Groups NITAG)  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UNICEF ၊ WHO၊ GAVI နှင့် CHAI အဖွဲ့ တို့မှ ကိုယ်စားလှယ်များနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ   ပြည်ထောင်စုဝန်ကြီး၊    ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်တို့က  ဗဟိုကာကွယ်ဆေး   သိုလှောင် အအေးခန်း လေးထပ်ဆောင်အဆောက်အဦသစ်ကို  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး   ဗဟို ကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်) တွင် ကာကွယ်ဆေးများနှင့်ဆက်စပ်ပစ္စည်းများကို အအေး လမ်းကြောင်းမပျက် စနစ်တကျသိုလှောင်ထိန်းသိမ်း ထားရှိပြီး  တိုင်းဒေသကြီး/ပြည်နယ်များသို့   စနစ် တကျ  ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊   ယခုအခါ ကာကွယ်ဆေးများအမျိုးအစား တိုးချဲ့ထိုးနှံလာခြင်း နှင့်အတူ အဆိုပါဆေးနှင့်ဆေးပစ္စည်းများ သိုလှောင် ရန် နေရာထပ်မံလိုအပ်ပါသဖြင့် လက်ရှိ လေးထပ် ဆောင် အဆောက်အဦသစ်ကို ကျန်းမာရေးဝန်ကြီး ဌာနနှင့်   ကုလသမဂ္ဂကလေးများ   ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်းကာ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့ပါကြောင်း။         
ထို့ကြောင့်  ယခုအခါ   ကာကွယ်ဆေးမျိုးစုံကို အအေးလမ်းကြောင်းမပျက်   စနစ်တကျသယ်ယူ ပို့ဆောင်သွားနိုင်မည်ဖြစ်ပြီး   ကာကွယ်ဆေးထိုး လုပ်ငန်းကို ပိုမိုထိရောက်စွာ အားဖြည့်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။(အပေါ်ပုံ)
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က  ဗဟိုကာကွယ်ဆေး   သိုလှောင်အအေးခန်း၏ လုပ်ငန်းများတွင်  လိုအပ်သောပံ့ပိုးမှုများ   အားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် video မှတ်တမ်းကို ပြသပြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်က   ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ပေးအပ်၍ ပြည်ထောင်စု ဝန်ကြီး၊   ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက      အဆောက်အဦအတွင်းရှိ ကာကွယ်ဆေး သိုလှောင်အအေးခန်းများနှင့်  အအေး လမ်းကြောင်းစနစ်များကို   လှည့်လည်ကြည့်ရှုကြ သည်။
အဆိုပါ အဆောက်အဦသစ်တွင် ကာကွယ်ဆေး များ သိုလှောင်ထားရှိရန်အတွက် လူဝင်လမ်းလျှောက် နိုင်သော အအေးခန်း Walk In Cooler ခုနစ်လုံး၊ အေးခဲခန်း Walk In Freezer လေးလုံး  ပါဝင်သည့် အခန်း အပူချိန် အနုတ်  ၈၀  ဒီဂရီစင်တီဂရိတ်မှာ သိမ်းဆည်းသိုလှောင်နိုင်သည့်  Ultra  Cold  Chain Freezer များ၊ ဆေးထိုးအပ်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိရာအခန်း (Dry Store)၊ ရုံးခန်းများ၊ အစည်း အဝေးခန်းများ၊ လူ ၄၀၀ ခန့် တက်ရောက်နိုင်သော သင်တန်းခန်းမ  တစ်ခုနှင့် သင်တန်းသား  ၅၀  ခန့် တည်းခိုရန်နေရာ၊ လူစီးဓာတ်လှေကားစနစ် တစ်ခု၊ ပစ္စည်းအတင်အချ ဓာတ်လှေကားစနစ်တစ်ခု၊ လျှပ်စစ် မီးအတွက်  နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ် ဓာတ်အားပေးစနစ်များနှင့် 300 KVA  Back-up Generator  မီးစက် နှစ်လုံး၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေကန် တို့ပါရှိပြီး  ကာကွယ်ဆေးဆံ့ဝင်မှုအနေဖြင့် တစ်နိုင်ငံ လုံးကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာသိုလှောင် ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။     သတင်းစဉ်