ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လေးပေါက်တန်းရိုးရာခြင်းလုံးပြိုင်ပွဲ အင်းစိန်မြို့နယ်အသင်း တံခွန်စိုက်ဖလားဆွတ်ခူး

 

ရန်ကုန်  စက်တင်ဘာ  ၉ 


ရန်ကုန်တိုင်းဒေသကြီး       အစိုးရ အဖွဲ့  ဝန်ကြီးချုပ်ဖလား  မြို့နယ် ပေါင်းစုံ      လေးပေါက်တန်းရိုးရာ  ခြင်းလုံး      အမှတ်ပေးဝိုင်းဖွဲ့ခတ် ပြိုင်ပွဲဗိုလ်လုပွဲကို     ယ‌နေ့မွန်းလွဲ ၂    နာရီက     တောင်ဥက္ကလာပ မြို့နယ် ပဒေသာအားကစားခန်း၌ ကျင်းပရာ အင်းစိန်မြို့နယ်အသင်း က သာကေတမြို့နယ်အသင်းကို ၁၂၇၇   ရမှတ်၊   ၁၂၂၂   ရမှတ်ဖြင့် အနိုင်ရရှိသွားသည်။

     အဆိုပါ ပြိုင်ပွဲသို့   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံ‌ရေး နှင့်           နယ်စပ်‌ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးဝင်းတင်၊     ရန်ကုန် တိုင်းဒေသကြီး     အားကစားနှင့် ကာယပညာ      ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေး အောင်၊   တိုင်း‌ဒေသကြီး    ခြင်းလုံး ဆပ်‌ကော်မတီဥက္ကဋ္ဌနှင့်       အမှု‌ ဆောင်များ တက်ရောက်ကြည့်ရှု အား‌ပေးကြပြီး       ဆုများချီးမြှင့် ကြသည်။   ပြိုင်ပွဲတွင်  အင်းစိန်မြို့ နယ်အသင်းက  ၁၂၇၇ ရမှတ်ဖြင့် ပထမ၊ သာကေတမြို့နယ်အသင်း က   ၁၂၂၂    ရမှတ်ဖြင့်     ဒုတိယ၊‌ မြောက်ဥက္ကလာမြို့နယ်အသင်း က ၁၁၅၅ ရမှတ်ဖြင့် တတိယရရှိ သည်။   ဆုရရှိသူများ   အမျိုးသား၊   အမျိုးသမီး        စွမ်း‌ဆောင်ရည်ဆု၊ မျိုးဆက်သစ်    အားကစားသမား ဆုရရှိကြသူများကို‌    တိုင်း‌ဒေသ ကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူ များက‌  ငွေသားဆုနှင့်  ဆုတံဆိပ် များ‌   ချီးမြှင့်ကြသည်။    ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၉ ရက်‌အထိ ကျင်းပခဲ့ရာ  မြို့နယ်‌ပေါင်း       ၃၄    မြို့နယ်မှ         အားကစားသမား        ၃၄၀    ခန့်    ယှဉ်ပြိုင်ကြ‌ကြောင်း သိရသည်။   


အာကာစိုး၊ ဓာတ်ပုံ-တင်စိုး