ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

 

တောင်ကြီး   စက်တင်ဘာ   ၉


ပြည်ထောင်စု  တရားလွှတ်တော် ချုပ်ရုံးနှင့်      တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ ၏    (၂၅) ကြိမ်မြောက်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေး    ထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက    ရှမ်းပြည်နယ် တရားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ  ရှမ်းပြည်နယ်တရား လွှတ်တော်   တရားသူကြီးချုပ် ဦးသန်းဦးလွင်က     အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် တရား လွှတ်တော် တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မှာကြားသည့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စု  တရားလွှတ်တော် ချုပ်မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ် များ၊      လက်ရှိဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့်      စပ်လျဉ်း ၍   ထပ်ဆင့်ရှင်းလင်း   ဆွေးနွေး သည်။


အဆိုပါ      အစည်းအဝေးသို့ ကိုယ်ပိုင်      အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ     ဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများ နှင့် မြို့နယ်တရားရုံးများမှ တရား သူကြီးများ၊ တရားရေးအရာရှိများ က     ဗီဒီယိုကွန်ဖရင့်ဖြင့်     တက် ရောက်ကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)