သတင်းအမှန်များ သိရှိခြင်း​ကြောင့်အကျိုးရှိပြီး သတင်းအမှားများက ဆိုးကျိုးကိုဖြစ်​ပေါ်​စေ လူမှုကွန်ရက်မီဒီယာများ​ကို ချင့်ချိန်သုံးစွဲပြီး အကျိုးရှိ​အောင် အသုံးပြုနိုင်ကြ​စေလို

 

ရန်ကုန်   စက်တင်ဘာ   ၉


ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်းသည် ယ​နေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်​ရေးနှင့် ထုတ်​ဝေ​ရေးဦးစီး ဌာန  စာ​ပေဗိမာန်၊  ဗိုလ်​အောင်​ကျော်လမ်းရှိ  မြန်မာ့မီဒီယာဖွံ့ဖြိုး​ရေး ဦးစီးဌာနရုံး​နှင့် ဗဟန်းမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်​ဆေးပြီး ရုပ်ရှင်မြှင့်တင်​ရေးဌာနခွဲ၌    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ   တာဝန်ရှိသူများနှင့် ​တွေ့ဆုံသည်။


နံနက်ပိုင်းတွင် စာ​ပေဗိမာန် သို့ ​    ရောက်ရှိပြီး    စာ​ပေဗိမာန် အ​ရောင်းဆိုင်တွင်    စာအုပ်များ​ လာ​ရောက်ရွေးချယ်ဝယ်ယူ​နေမှု ကို  ကြည့်ရှုအား​ပေးကာ  ရင်းရင်း နှီးနှီး ​နှုတ်ဆက်သည်။


ယင်း​နောက်     စာ​ပေဗိမာန် ပြည်သူ့စာကြည့်တိုက်     အတွင်း လှည့်လည်ကြည့်ရှုစစ်​ဆေးသည်။


ထို့​နောက်    အစည်းအ​ဝေး ခန်းမ၌ ဝန်ထမ်းများနှင့် ​တွေ့ဆုံ ရာ စာတည်းမှူးချုပ်က လုပ်ငန်း​ဆောင်ရွက်​နေမှုများကို ရှင်းလင်း တင်ပြပြီး ပြည်​ထောင်စုဝန်ကြီးက မှာကြားရာတွင်   စာ​ပေဗိမာန်၏ အခန်းကဏ္ဍသည် အ​ရေးကြီးပါ​ကြောင်း၊ စာ​ပေနှင့် ပတ်သက်ပြီး အစဉ်အလာရှိသည့် အထင်ကရ ဌာနတစ်ခု ဖြစ်ပါ​ကြောင်း။


ဝန်ထမ်းများအ​နေဖြင့်   နိုင်ငံ တကာဖြစ်ရပ်များ၊    ပြည်တွင်း ရေးရာများကို အားလုံးသိရှိကြမည် ဟု ယူဆပါ​ကြောင်း၊ သတင်းအမှန် များ သိရှိခြင်း​ကြောင့် အကျိုးရှိပြီး သတင်းအမှားများက  ဆိုးကျိုးကို ဖြစ်​ပေါ်​စေပါ​ကြောင်း၊    သတင်း အတု၊   သတင်းအမှားများ​ကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတိုင်း တွင် အခက်အခဲများ ကြုံ​တွေ့ရပါ​ကြောင်း၊ လူမှုကွန်ရက်မီဒီယာများ​ ကို အကျိုးရှိ​အောင် အသုံးပြုနိုင် သကဲ့သို့    အကျိုးမဲ့​အောင်လည်း လုပ်၍ ရပါ​ကြောင်း၊ သုံးစွဲသူအပေါ် မူတည်သည့်အတွက် မိမိတို့အ​နေ ဖြင့် ချင့်ချိန်သုံးစွဲပြီး အကျိုးရှိအောင်   အသုံးပြုနိုင်ကြ​စေလို ပါ​ကြောင်း ပြောကြားကာ      ပြည်ထောင်စု ဝန်ကြီးက   ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။


ယင်း​နောက်  ဗိုလ်​အောင်ကျော် လမ်းရှိ    မီဒီယာဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနရုံးသို့ ​  ရောက်ရှိပြီး ရုံး​နေရာချထားမှုအ​နေအထားကို ကြည့်ရှုစစ်​ဆေးကာ ရုံးအ​ပေါ်ထပ် ရှိ Media N Co. Ltd ၏ ရုံးခန်းများ၊ သတင်းခန်းများကို      ကြည့်ရှု၍   M  Entertainment  Channel မှ ရိုက်ကူးပြသ​နေမှုများ ကို ကြည့်ရှုအား​ပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်​ထောင်စု ဝန်ကြီးသည် The  Global New Light of Myanmar သတင်းစာ တိုက်၌  စာတည်းအဖွဲ့ဝင်များနှင့် ​​တွေ့ဆုံရာ    တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်​​ထောင်စု ဝန်ကြီးက    The   Global   New Light of Myanmar သတင်းစာကို ၁.၈.၂၀၂၃  ရက်​​နေ့မှ   စတင်ကာ Logo မှအစ၊ အခြား​သော အသွင် သဏ္ဌာန်နှင့်       အနှစ်သာရပိုင်း ​ပြောင်းလဲ​ဖော်​​ဆောင်ခဲ့ကြသည့် စာတည်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူ ဝန်ထမ်းအားလုံးကို အသိအမှတ် ပြုပါ​ကြောင်း၊ စာတည်းအဖွဲ့ဝင် များက မိမိတို့ သတင်းစာ စာဖတ် ပရိသတ်များ   စိတ်ဝင်စားမည့် သတင်း  အ​ကြောင်းအရာများကို ​  ရွေးချယ်ပြီး ​    ဖော်ပြသွားရန်လို ကြောင်း၊    သတင်းများ    စုစည်း​ရွေးချယ်ရာတွင် နိုင်ငံ​ရေးအမြင် ရှိရန်လိုပြီး သတင်းစာတိုက်မူဝါဒ များနှင့်အညီ လွတ်လွတ်လပ်လပ် ​​ဖော်ပြဆောင်ရွက်နိုင်​သော်လည်း နှစ်နိုင်ငံ   ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်​စေမည့် သတင်းများ၊ မိမိ တို့နှင့် ချစ်ကြည်ရင်းနှီးစွဲရှိသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာ ကို ထိပါး​စော်ကားသည့် သတင်း များကို  မ​ဖော်ပြမိရန်လို​ကြောင်း၊ သတင်းများ၊      ဆောင်းပါးများ အားလုံးကို စိစစ်ဖတ်ရှုတည်းဖြတ် ပြီး   အမှားအယွင်း   မပါရှိ​အောင် စနစ်တကျ  ​ရွေးချယ်ဖော်ပြသွား​စေလို​ကြောင်း     မှာကြားကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များအတွက်    ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့​နောက်     ပြည်​ထောင်စု ဝန်ကြီးသည်  ပုံနှိပ်စက်ခန်းကို လှည့်လည်ကြည့်ရှု   စစ်​ဆေးပြီး ဝန်ထမ်းများအား   ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်​ရေးဌာနခွဲ၌ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန် ရှိသူများနှင့် ​တွေ့ဆုံသည်။


တွေ့ဆုံစဉ်      ပြည်​ထောင်စု ဝန်ကြီးက     ရုပ်ရှင်​လောကနှင့် ပတ်သက်၍ ဖြစ်​ပေါ်ပြောင်းလဲမှု များအ​ပေါ် ​  ပေါင်းစပ်ညှိနှိုင်းရန် ကိစ္စများရှိပါက ​ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ​  တွေ့ဆုံခြင်း   ဖြစ်ပါ ကြောင်း၊ ယ​​နေ့အချိန်တွင် ပြည်သူ များက    ရုပ်ရှင်ဇာတ်ကားများ အ​ပေါ် ပြန်လည်သက်ဝင်ခံစားမှု များ ရှိလာပြီး ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုများလည်း     ပုံမှန် အခြေအ​နေ နီးပါးဖြစ်​ပေါ်လာခြင်း အတွက် ဝမ်း​မြောက်မိပါ​ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု​ပေးပွဲအခမ်းအနားကြီး ကို ကျင်းပပြုလုပ်နိုင်​ရေးအတွက် လိုအပ်သည့်      လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ​  ဆောင်ရွက်နိုင်​ရေးအတွက်     လိုအပ်သည်များ ​ဆွေး​နွေး​ပေးကြ​စေ  လို​ကြောင်း၊  ပြီးခဲ့သည့်ကာလများတွင် ပြန်ကြား​ ရေးဝန်ကြီးဌာနနှင့်      ရုပ်ရှင်​လောကသားများ    အပြန်အလှန် ယုံကြည်မှုများဖြင့်     လုပ်ငန်း များ ​​ဆောင်ရွက်ခဲ့သည့်အတွက် အထိုက်အ​လျောက် ​အောင်မြင်မှု များရှိခဲ့ပြီး ​​နောင်လာမည့် ကာလ များတွင်လည်း လုပ်ငန်းများ ပိုမို​အောင်မြင်​စေရန် ပူး​ပေါင်းဆောင် ရွက်သွားကြရန်လို​ကြောင်း။


ရုပ်ရှင်    ဇာတ်ကားများအား ပြည်တွင်းမှာသာမက နိုင်ငံတကာ ရုပ်ရှင်ပွဲ​တော်များ၊ အထိမ်းအမှတ် ပွဲများတွင် ချိတ်ဆက်ပြသနိုင်​ရေး အတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားကြ​စေလိုပါ​ကြောင်း၊ မြန်မာ့ရုပ်ရှင်   အဆင့်အတန်းကို မည်သို့မြှင့်တင်ကြမည်၊   မည်သို့ လုပ်​ဆောင်ရမည်ကို ဆွေးနွေးပေး ကြ​စေလိုပါ​ကြောင်း ပြောကြား သည်။


ထို့​နောက် ဥက္ကဋ္ဌ ဦးကြည်စိုး ထွန်း၊ နာယက ဦးအောင်လွင်နှင့် တက်​ရောက်လာသူများက မြန်မာ့ ရုပ်ရှင်အဆင့်အတန်း     မြင့်မား တိုးတက်​​ရေးနှင့်    ပတ်သက်၍ ​ဆွေး​နွေးတင်ပြခဲ့ကြသည်။

 
သတင်းစဉ်