ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

 

နေပြည်တော် စက်တင်ဘာ ၈


ပြန်ကြားရေး        ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန   လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း  (၂/၂၀၂၃)မှ    သင်တန်းသား၊   သင်တန်းသူ ၂၇  ဦး တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်     (တပ်ကုန်း)       ရှိ မြန်မာ့အသံနှင့်     ရုပ်မြင်သံကြား စိန်ရတုပြတိုက်နှင့်           ရုပ်သံ ထုတ်လွှင့်မှု         ဆိုင်ရာများကို     လေ့လာကြသည်။


ရှေးဦးစွာ      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားသည့်     ခေတ်အဆက်ဆက်        ရုပ်သံ ထုတ်လွှင့်မှုများတွင်  အသုံးပြုခဲ့ သည့်    စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး    မော်တော်ယာဉ် များ၊  သတင်းတင်ဆက်မှု  ပုံစံငယ် များ၊        ခေတ်အဆက်ဆက်      ထုတ်လွှင့်တင်ဆက်ခဲ့သည့်     အစီ အစဉ်များတွင်  ပါဝင်ဆောင်ရွက် ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊   တူရိယာပစ္စည်းများ၊ သတင်းစတူ ဒီယိုခန်းများ၊     ရေဒီယိုအစီအစဉ် တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း        ဓာတ်ပြားများနှင့်    အခြားအသုံး အဆောင်ပစ္စည်းများ   စသည့်စုစု ပေါင်း  ပြခန်း  ၄၀ တွင် ခင်းကျင်း       ပြသထားမှုများကို      လှည့်လည် ကြည့်ရှုလေ့လာကြရာ (အောက်ပုံ)  တာဝန်ရှိသူများက        ရှင်းလင်း ဖြေကြားကြသည်။

   ထို့နောက်      မှတ်သားဖွယ်ရာ  အဖြေလွှာများ၌ သင်တန်းသား၊ သင်တန်းသူများ၏     ဖြည့်စွက်မှုများကိုစိစစ်၍ အမှတ် တရလက်ဆောင်များ        ပေးအပ် သည်။


ထို့နောက်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား    ခေတ်ပေါ်တေး ဂီတအဖွဲ့၏        သီဆိုတီးခတ် လေ့ကျင့်မှု၊ တိုင်းရင်းသားလူမျိုး များ  ရုပ်သံလိုင်း  (NRC)  ၏  ရှမ်း ရိုးရာယဉ်ကျေးမှု    အိုးစည်အက    သရုပ်ဖော်ရိုက်ကူးနေမှု၊  သတင်း ထုတ်လွှင့်မှုဆိုင်ရာများကို   လှည့် လည်ကြည့်ရှု     လေ့လာကြရာ          တာဝန်ရှိသူများက လိုက်လံရှင်း လင်း ပြသကြသည်။

သတင်းစဉ်