
နေပြည်တော် စက်တင်ဘာ ၈
တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အတွဲ(၃၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော် ဆေးတက္ကသိုလ်၌ ကျင်းပသည်။ အဆိုပါ အခမ်း အနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ အငြိမ်းစား ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး များ၊ တပ်မတော်ဆေးရုံ/ ဆေး တပ်များမှ တပ်မှူးများ၊ အငြိမ်း စားတပ်မှူးများ၊ အငြိမ်းစား ပါမောက္ခ ဆရာကြီး/ဆရာမကြီး များ၊ တပ်မတော် ဆေးတက္ကသိုလ် မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ထိုသို့ ပထမဆုံး ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုကို ၁၉၉၅ ခုနှစ်တွင် တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)၌ ပြုလုပ်နိုင်ခဲ့ ကြောင်း၊ဗြိတိန်နိုင်ငံမှ ကျောက်ကပ် ခွဲစိတ်ကုသမှုအဖွဲ့နှင့် ဆေး ဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခဆရာ ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ပါမောက္ခဆရာဝန်ကြီး များဦးဆောင်ပြီး လူနာ ၅ တွဲကို ပထမဆုံးအနေဖြင့့် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှ ပါမောက္ခဆရာ ဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခ ဆရာဝန်ကြီးများ ပူးပေါင်း၍ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)တွင် လူနာအတွဲစုစုပေါင်း ၁၉ တွဲ ကို ခွဲစိတ်အောင်မြင်ခဲ့ ကြောင်း သိရသည်။
ဆေးဝန်ထမ်း တပ်ဖွဲ့အတွင်း ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုများကို တပ်မတော်ဆေးရုံ ကြီး(ခုတင်-၁၀၀၀)၌သာ ပြုလုပ် ခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) ၌လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ တပ်မတော် ဆေးရုံ (ခုတင်-၇၀၀)၌လည်း ကောင်း အသီးသီးကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သည်။
တပ်မတော် ဆေးရုံကြီး (ခုတင် - ၁၀၀၀) တွင် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုပေါင်း (၃၀၀)တွဲကို အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆေး ဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ယခုဆို လျှင် ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုပေါင်း ၄၃၅ တွဲကို အောင် မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
သတင်းစဉ်