
နေပြည်တော် စက်တင်ဘာ ၈
အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်ရှိ လူမှု ဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်း များအားတွေ့ဆုံ၍ အလုပ်ရှင် နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင် ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင် မှုများကို ပေးအပ်နိုင်ရန် လိုအပ် ကြောင်း မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေး
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမား ၈၉၀၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင် အလုပ် သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀ ၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက် သည့် ဆေးခန်း ၁၀ ခန်းတို့ ဖွင့်လှစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ အာမခံအလုပ်သမား လူနာပေါင်း ၆၂၅၇၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေး နိုင်ခဲ့သည်။
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး ယခုအခါ Fee For Service Payment ဆေးခန်း ၂၀ ၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သန်းပေါင်း ၄၂၇၀ ဒသမ ၀၉၃ သန်း ပေးခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဖွင့်လှစ်သည့် ကြွေပြားကပ် လုပ်သားအလုပ်အကိုင် သင်တန်း ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း ကျောင်း တာဝန်ခံနှင့် တာဝန် ရှိသူများ၊ Soilbuild Construction Group Ltd မှ တာဝန်ရှိသူများ၊ သင်တန်းဆရာ များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) အတွင်း လှည့်လည်ကြည့်ရှုပြီး လုပ်သားဈေးကွက် လိုအပ်ချက် ရှိသည့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက် ရန်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် Soilbuild Construction Group Ltd တို့ အကြား နားလည်မှုစာချွန်လွှာ ရေးထိုး ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းပါ လုပ်ငန်းစဉ်များကို MoU ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းညွှန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန် ပေးအပ်မှုကို ကျေပွန်စွာ ထမ်းဆောင် ရန်လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training ၌ ရုံးခန်းဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည့် နည်းပညာအထောက် အကူပြုရုံး (ရန်ကုန်)၊ သင်္ဃန်းကျွန်း မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း တို့မှ အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံမှာကြားပြီး သင်တန်း ကျောင်းဝင်းအတွင်း ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် အဆောက် အဦများ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေသော Arao Co., Ltd အထည်ချုပ်စက်ရုံသို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်