စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုအခြေအနေ

 

စစ်ကိုင်းတိုင်းဒေသကြီး၏   ဆန်ပို ဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့်    ကန့်ဘလူခရိုင်များ အနေဖြင့် အခြားတိုင်းဒေသကြီး/  ပြည်နယ်များသို့ ဇူလိုင်လအတွင်း ဆန်စီးထွက်မှုများမှာ     ရန်ကုန် တိုင်းဒေသကြီးသို့  အိတ် ၆၁၀၀၀၊ မန္တလေးတိုင်း‌ဒေသကြီးသို့   အိတ် ၁၀၇၅၇၀၊  မ‌ကွေးတိုင်းဒေသကြီး သို့ အိတ် ၁၈၃၀၊ ရှမ်း (တောင်) သို့ အိတ် ၁၈၀၀၀၊ ရှမ်း (မြောက်) သို့ အိတ် ၁၈၀၀၀၊ နေပြည်တော် သို့ အိတ် ၂၅၅၀၀၊ ကချင်ပြည်နယ် သို့ အိတ်   ၃၆၀၀၊   စုစုပေါင်း   အိတ် ၂၃၅၅၀၀၊   တန်အားဖြင့်   ၁၁၇၇၅ တန်    စီးထွက်ခဲ့ပြီး     ဩဂုတ်လ အတွင်း ဆန်စီးထွက်မှုမှာ ရန်ကုန် တိုင်းဒေသကြီးသို့ အိတ် ၇၂၅၀၀၊ မန္တလေးတိုင်း‌ဒေသကြီးသို့   အိတ် ၁၃၇၈၀၀၊ မ‌ကွေးတိုင်းဒေသကြီး သို့    အိတ်  ၃၀၀၀၊ ရှမ်း(တောင်)သို့  အိတ် ၂၁၅၀၀၊ ရှမ်း (မြောက်) သို့ အိတ် ၂၁၅၀၀၊ နေပြည်တော်သို့ အိတ်   ၂၆၅၀၀၊   ကချင်ပြည်နယ် သို့  အိတ်  ၄၆၀၀၊  စုစုပေါင်း အိတ် ၂၈၇၄၀၀၊   တန်အားဖြင့်   ၁၄၃၇၀  စီးထွက်ခဲ့ရာ ဇူလိုင်လနှင့် ဩဂုတ် လအတွင်း     ဆန်စီးထွက်မှုများ နှိုင်းယှဉ်ပါက ဩဂုတ်လတွင် အိတ် ရေ ၅၁၉၀၀၊ တန်အားဖြင့်  ၂၅၉၅ တန်  ပိုမိုစီးထွက်ခဲ့ကြောင်း  သိရှိ ရသည်။                

DOCA (စစ်ကိုင်း)