
(၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ မှတ်သားရသည်။
အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ “အခွင့်အရေးနှင့် တာဝန် ဝတ္တရား” မူနှင့် သွေဖည်လျက် မြန်မာနိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက် ခြင်း မပြုခဲ့ပါ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါ ထုတ်ပြန်ချက် (မူကြမ်း) အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော် လည်း မြန်မာနိုင်ငံ၏အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြ ဘဲ လျစ်လျူရှုခဲ့သည်။
သို့ပါ၍ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘောမဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များပါရှိသည့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာ လျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ထပ်လောင်း အသိပေးအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၅ ရက်