(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်    စက်တင်ဘာ    ၂ 


တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ကျင်းပမည့်  (၁၉)   ကြိမ် မြောက်       အာရှအားကစားပြိုင်ပွဲတွင်    မြန်မာ အားကစားအဖွဲ့များ      ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၂ ခုနှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ယခုနှစ်သို့ ရွှေ့ဆိုင်း ထားခြင်းဖြစ်သည်။


(၁၉)   ကြိမ်မြောက်    အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း  ၄၀  မှ   ပြိုင်ပွဲ အမျိုးအစား ၄၈၁ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်   လာမည့်အာရှ   အားကစား ပြိုင်ပွဲတွင်  ဘောလုံးအမျိုးသား၊ အမျိုးသမီး၊ ပိုက်ကျော် ခြင်း၊ ဝူရှူး၊ ရိုးရာလှေ၊ မြားပစ်အားကစားနည်း များတွင်    ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။   မြန်မာနိုင်ငံအနေဖြင့်   လာမည့်   အာရှ အားကစားပြိုင်ပွဲတွင်    အားကစားနည်း အနည်းငယ်သာ    ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး   အမျိုးသမီးဘောလုံးအသင်းမှာမူ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။


ယခုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား နည်းများအနက်  ဝူရှူး၊   ပိုက်ကျော်ခြင်းနှင့်  ရိုးရာ လှေအားကစားနည်းများမှာ     မေလက ကျင်းပသည့်  (၃၂) ကြိမ်မြောက်   ဆီးဂိမ်း ပြိုင်ပွဲတွင်    ရွှေတံဆိပ်ဆုရရှိထားသည့် အားကစားနည်းများဖြစ်သည်။ မြန်မာအမျိုး သားဘောလုံးအသင်းမှာမူ  အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုအစဉ်အလာကြီးမားခဲ့သည့်အသင်းဖြစ်ပြီး   အမျိုးသမီးဘောလုံး အသင်းမှာမူ    အာရှအားကစားပြိုင်ပွဲတွင်  ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သော် လည်း ယခုနှစ်အတွင်းကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိထားသည်။ မြန်မာ အားကစားအဖွဲ့သည်  နောက်ဆုံးကျင်းပသည့် ၂၀၁၈  ခုနှစ်    အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်နှစ်ခု ရရှိထားသည်။ 


(၁၉) ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲ တွင်  မြားပစ်၊   ပြေးခုန်ပစ်၊   ရေကူး/ဒိုင်ဗင်/  ဝါတာပိုလို၊ ဘတ်စကက်ဘော၊  လက်ဝှေ့၊ Breakdancing၊   ကနူး/ကယက်၊ ခရစ်၊  စက်ဘီး၊ ရိုးရာလှေ၊ မြင်းစီး၊ ဓားရေး၊ ဟော်ကီ၊  ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball၊ ဂျူဒို၊ Kabaddi၊  Martial arts   (ဂျူဂျစ်ဆု၊   ကရာတေး၊ Kurash)၊ Mind sports  (စစ်တုရင်၊ Bridge၊ Esports၊ Go၊ Xiangqi) Modern pentathlon၊ စကိတ်၊ အပြည်ပြည်ဆိုင်ရာ လှေ၊   ရက်ဘီ၊   ရွက်လှေ၊   ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ S  port climbing၊   Squash၊    စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ အလေးမ၊ နပမ်းနှင့် ဝူရှူးအားကစားနည်း  ထည့်သွင်းကျင်းပမည် ဖြစ်သည်။ 


ရဲရင့်လွင်