IESF World Championship 2023 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် Dota 2 အသင်း အဆင့်ဆင့်ယှဉ်ပြိုင် အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်

 

နေပြည်တော်   စက်တင်ဘာ    ၂


မြန်မာ့လက်ရွေးစင်    Dota   2 အသင်း (Team Myanmar) သည် နိုင်ငံပေါင်း   ၁၁၄   နိုင်ငံ    ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့်       Inter- national  Esports  Federation IESF   World   Championship 2023  ပြိုင်ပွဲ၌    အဆင့်ဆင့်ပါဝင် ယှဉ်ပြိုင်အနိုင်ရရှိပြီး    ဗိုလ်လုပွဲ အဆင့်အထိ     တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 


မြန်မာနိုင်ငံ အီလက်ထရော နစ်  အားကစားအဖွဲ့ချုပ်  ဦးဆောင် မှုဖြင့်        မြန်မာ့လက်ရွေးစင်  Dota 2  အသင်း  (Team  Myan-mar)  သည်    ရိုမေးနီးယားနိုင်ငံ၌  ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပလျက်ရှိသည့် IESF World Championship 2023  ပြိုင်ပွဲ၌ မြန်မာနိုင်ငံအီလက် ထရောနစ်   အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါက်တာကောင်းမြတ်စံ၊ ဒုတိယဥက္ကဋ္ဌ  ဦးကျော်ထက်လင်း နှင့်  မြန်မာ့လက်ရွေးစင် Dota 2 အသင်း    (Team   Myanmar)အသင်းနည်းပြ     ဦးရန်မင်းနိုင် တို့ဦးဆောင်ကာ  အသင်းအဖွဲ့ဝင် မောင်အောင်မြတ်စိုး၊  မောင်ဇော် ရိန်ဆိုင်းအောင်၊   မောင်မင်းခန့် မောင်မောင်၊  မောင်ကောင်းဆက် ဟိန်းနှင့် မောင်သီဟကျော်စွာတို့ က ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။


“မြန်မာ့လက်ရွေးစင် Dota 2 အသင်း(Team Myanmar)အသင်း ဟာ ဗိုလ်လုပွဲမှာ မွန်ဂိုလီးယား နိုင်ငံ     ကိုယ်စားပြုအသင်းနဲ့ ယှဉ်ပြိုင်ရမယ်။    ရွှေတံဆိပ် သို့မဟုတ်  ငွေတံဆိပ်တစ်ခုခုကို တော့   မြန်မာနိုင်ငံကိုယ်စားပြု အသင်းအနေနဲ့  ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ မွန်ဂိုလီးယားနိုင်ငံ ကိုယ်စားပြုအသင်းကို  အနိုင် ရရှိပြီး  ရွှေတံဆိပ်ရရှိဖို့အတွက် မြန်မာပရိသတ်အနေနဲ့  ဝိုင်းဝန်း အားပေး     ဝန်းရံပေးကြပါလို့ ပြောချင်ပါတယ်” ဟု  မြန်မာနိုင်ငံ အီလက်ထရောနစ်   အားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံ   အီလက်ထရော နစ်   အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ    ကောင်းမြတ်စံက ဗိုလ်လုပွဲတက်ရောက်သည့် မြန်မာ့  လက်ရွေးစင် Dota 2 အသင်း(Team Myanmar) အသင်းသားများ  အား လုံးအတွက်  တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း ဆုချီးမြှင့်ထားသည်။


မြန်မာ့လက်ရွေးစင်  Dota 2 အသင်း Team Myanmar သည် IESF World Championship 2023 ပြိုင်ပွဲအတွက် ဗိုလ်လုပွဲအဖြစ်  မွန်ဂိုလီးယားနိုင်ငံ   ကိုယ်စားပြု Team Mongolia  အသင်းနှင့် စက်တင်ဘာ   ၃ ရက်တွင် ရိုမေးနီး ယားနိုင်ငံ Lasi  မြို့ရှိခန်းမကြီး၌ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်  Dota 2 အသင်း (Team Myanmar) သည် IESF  World   Championship 2023  ပြိုင်ပွဲတွင် ဩဂုတ် ၂၆ ရက် မှစတင်၍   Region   အသီးသီးမှ ကိုယ်စားပြု   နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊  အီကွေဒေါ၊  ယူကရိန်း၊ အမေရိကန်၊       ဂျော်ဒန်၊ ကာဇက် စတန်     အစရှိသည့်အသင်း များအား   ထိုက်တန်စွာအနိုင်ယူ ကာ ဗိုလ်လုပွဲသို့   တက်ရောက်လာ ခြင်းဖြစ်သည်။


ထိုသို့    မြန်မာ့လက်ရွေးစင် Dota 2 အသင်း(Team Myanmar)  ၏ IESF World Championship 2023    ဗိုလ်လုပွဲပါဝင်ယှဉ်ပြိုင်မှု  ကို လာမည့်  စက်တင်ဘာ ၃ ရက်  ညနေ ၆ နာရီ၌ The Regional Facebook Page နှင့် YouTube Channel   တို့တွင်   တိုက်ရိုက် ကြည့်ရှု     အားပေးနိုင်ကြောင်း သိရှိရပြီး     ကမ္ဘာတစ်ဝန်းမှ လည်း   ပရိသတ်များစွာ   အားပေး ကြည့်ရှုလျက်ရှိကြောင်း    သိရ သည်။                        

သတင်းစဉ်