အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆုကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(မြစ်ကြီးနား) ရရှိခဲ့

 

မြစ်ကြီးနား   စက်တင်ဘာ  ၂


ကချင်ပြည်နယ်အတွင်း          ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ     အသိပညာပေး လုပ်ငန်းများကို  ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ် သြဂုတ်လအထိ ၁၁၁ ကြိမ်ဆောင်ရွက်နိုင် ခဲ့သည့်အပြင် သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းများ          အစီအစဉ်တွင်      အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညီညွတ်သော     ကျောင်းဆုကို    ရရှိခဲ့ ကြောင်း သြဂုတ် ၃၁ ရက်က ကျင်းပသည့် ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏        တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။


အဆိုပါ အစည်းအဝေးတွင်  ပြည်နယ် ကော်မတီဥက္ကဋ္ဌ   ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး   ဦးတိန့်ဆောင်က ကချင် ပြည်နယ်အတွင်း    ဖွံ့ဖြိုးရေးလုပ်ငန်း များကို    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်   ဟန်ချက်ညီညီ      ပေါင်းစပ်နိုင်ရေးသည်    အရေးကြီးသည့်  လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက်         ကော်မတီအတွင်းရေး မှူး ပြည်နယ်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးအောင်ခိုင်စိုးနှင့် ကော်မတီ အဖွဲ့ဝင်များက    ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်   ဆောင်ရွက်ပြီးစီး မှုနှင့်     ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။ 


ကချင်ပြည်နယ်    ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုဆိုင်ရာ       ကြီးကြပ်မှုကော်မတီ အနေဖြင့် ပြည်နယ်အတွင်း  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်     အသိပညာပေးလုပ်ငန်း များကို    ၁၇၃    ကြိမ်  ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်   သြဂုတ်လအထိ   ၁၁၁  ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း   သိရှိရသည်။   သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း များ  အစီအစဉ်  ဝင်ရောက်ယှဉ်ပြိုင်ရာ တွင်လည်း  အမှတ် (၁)   အခြေခံပညာ အထက်တန်းကျောင်း(မြစ်ကြီးနား)အနေ ဖြင့် ပြည်နယ်အထက်တန်းအဆင့် ပထမ ဆု၊ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်း စိုပြည်သော ကျောင်းအစီအစဉ် (အထက် တန်းအဆင့်)တွင်  ပထမဆုထပ်မံရရှိခဲ့ သည့်အပြင် လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်းဆု  ASEAN ECO- School Award   ဆုကိုလည်း   ရရှိခဲ့ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)