နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၂
နေပြည်တော်    ပျဉ်းမနားမြို့နယ်    ဘန့်ဘားကျေးရွာ အုပ်စု  ဆိတ်ဖူးတောင်ကျေးရွာ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန်         ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင်    ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်    ဌာနဆိုင်ရာများပါဝင်သော   ပူးပေါင်း အဖွဲ့သည် ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊      ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေ စာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်သည်။ 
ဦးစွာ ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ဘန့်ဘားကျေးရွာအုပ်စုအတွင်းရှိ   ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော် သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ 
အခမ်းအနားတွင်         ဘန့်ဘားကျေးရွာအုပ်စု သာသနာ့မဏိရတနာကျောင်းတိုက်      ဆရာတော် ဥူးဩသဓထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး     ဆရာတော်  သံဃာတော်များ အား      ဝါဆိုသင်္ကန်းနှင့်       လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ ဆရာတော် ဥူးဩသဓထံမှ အနုမောဒနာတရားနာကြား၍      လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 
ယင်းနောက် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့ သည်       သာသနာ့မဏိရတနာကျောင်းတိုက်၌ ဘန့်ဘားကျေးရွာအုပ်စုရှိ     ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထု များနှင့် တွေ့ဆုံသည်။ 
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်
ထိုသို့တွေ့ဆုံစဉ်       ဗိုလ်မှူးကြီးမင်းနောင်က မိမိအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန်    စီမံညွှန်ကြားမှု ကြောင့်    ပျဉ်းမနားမြို့နယ်အတွင်းရှိ     တောင်ပေါ် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊   ထို့ကြောင့်   ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့်     မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်      လိုအပ်သည်များကို ပွင့်လင်းစွာ တင်ပြကြစေလိုကြောင်း၊ ထိုသို့ဆွေးနွေး တင်ပြမှသာ ဒေသလိုအပ်ချက်များကို မိမိတို့အနေ ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိရောက်ရှိနေသည့် အချိန်အတွင်း၌လည်း ကျေးရွာ အုပ်စုအတွင်းရှိ ပညာရေး၊   ကျန်းမာရေး၊  လမ်းပန်း ဆက်သွယ်ရေး၊  သောက်သုံးရေရရှိရေးနှင့် လျှပ်စစ် မီးရရှိရေးကိစ္စရပ်များကို  တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊    ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင်     နယ်မြေ တည်ငြိမ်အေးချမ်းလုံခြုံရေးသည်လည်း အရေးကြီး သည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့်     ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ 
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာဌာနအလိုက်      ဆောင်ရွက်ပေးလျက် ရှိသော   လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။ 
ဆက်လက်၍    ဗိုလ်မှူးကြီးမင်းနောင်နှင့်   ဌာန ဆိုင်ရာတာဝန်ရှိသူများသည်       ဘန့်ဘားကျေးရွာ အုပ်စုအတွင်းရှိ ဆိတ်ဖူးတောင်၊ အောင်ဘိတ်သိတ်၊ လက်ဖက်တောင်၊ သံမရဲနှင့် သုံးခွတော ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများ၊       အိမ်ထောင်စုများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊     အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအတွက်   လူသုံးကုန်ပစ္စည်းများ၊    စားသောက် ကုန်ပစ္စည်းများ၊    ကျောင်းသုံးစာရေးကိရိယာများ၊ ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များ၊ ဆေးစိမ်ခြင် ထောင်များ၊    သဘာဝမြေဩဇာများနှင့်    ကလေး ကစားစရာတို့ကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာများမှ       ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံ ရယူကြသည်။ 
နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
ယင်းနောက်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ    တာဝန်ရှိသူက     ဘန့်ဘား ကျေးရွာအုပ်စုရှိ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့်     ဆောင်ရွက်ပေးခဲ့သည့်    နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) တို့ကို ပေးအပ်ရာ  တာဝန်ရှိသူတစ်ဦးက လက်ခံရယူ သည်။ 
ထို့နောက် ကျေးရွာများမှ   ဒေသခံတိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေး စေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ       ဌာနဆိုင်ရာ   တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအမံများနှင့်    စပ်လျဉ်း၍      ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။ 
ဆက်လက်၍       နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်       လိုအပ်သည်များကို      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 
ထောက်ပံ့ငွေများပေးအပ်
မွန်းလွဲပိုင်းတွင်      ဗိုလ်မှူးကြီးမင်းနောင်သည် နေပြည်တော်ကုသရေးဦးစီးဌာန၊   နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ        ဆိတ်ဖူးတောင်ကျေးလက် ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက် နေ  ပြည်သူများအား   ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်   အခြေအနေများကို    ကြည့်ရှု အားပေးပြီး ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ နှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ 
ယင်းနောက်        ဗိုလ်မှူးကြီးမင်းနောင်သည် ဆိတ်ဖူးတောင်ကျေးရွာရှိ   အခြေခံပညာ  အလယ် တန်းကျောင်း - သုံးခွတော၌ ပျဉ်းမနားတောင်ပေါ် ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမ များနှင့်        တွေ့ဆုံ၍    စာပေသင်ကြားသင်ယူနေမှု အခြေအနေများကို မေးမြန်းကာ  လိုအပ်ချက်များ ကို    ဖြည့်ဆည်းဆောင်ရွက်ပေးပြီး   ကျောင်းသုံး စာရေးကိရိယာ ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုတို့ကို    ကြည့်ရှုအားပေးပြီး      ကျောင်းသား ကျောင်းသူများအနေဖြင့်  မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက် ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် ရန်အတွက် ကျောင်းသင်ခန်းစာများကို ကြိုးစားသင် ယူကြရန်မှာကြားပြီး စားသောက်ဖွယ်ရာများ ဝေငှ ပေးသည်။ 
ဖူးမြော်ကြည်ညို
ညနေပိုင်းတွင် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့ သည် ဆိတ်ဖူးတောင်ကျေးရွာ၌  တည်ထားတော်မူ သည့် လောကရန်အောင်   စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး   ပန်း၊   ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ကာ ဘုရားပရိဝုဏ်တော်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက်      စုပေါင်း ဆောင်ရွက်သွားကြရန် မှာကြားသည်။ 
သတင်းစဉ်