
နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် ပြည်ထောင်စုရာထူး ဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ တို့နှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ်အတွင်း လေ့ကျင့် သင်ကြားလျက်ရှိသော သင်တန်းအလိုက် သင်တန်းသားများနေထိုင်သော အိပ်ဆောင် များ၊ စာသင်ဆောင်များနှင့် စားရိပ်သာ များကိုလည်းကောင်း၊ သင်တန်းအလိုက် လေ့ကျင့် သင်ကြားနေမှုများကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး သင်တန်း သားများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့် အတူ တက္ကသိုလ်ရှိ ရတနာခန်းမ၌ တက္က သိုလ်တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များသည် မူလတည်ထောင် ဖွင့်လှစ်ချိန်ကပင် မြန်မာနိုင်ငံတော်အစိုးရ အတွက် ဝန်ထမ်းအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အား ဌာနအလိုက်၊ ကဏ္ဍအလိုက်၊ ဝန်ထမ်း ရာထူးအဆင့်ဆင့်အလိုက် တာဝန်ထမ်း ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် စည်းကမ်းတကျ ဆောင်ရွက်တတ်စေရန်၊ ပြည်သူ့အကျိုး စီးပွားကို သယ်ပိုးထမ်းရွက်လိုစိတ်ရှိသော၊ နိုင်ငံတော်အပေါ်သစ္စာရှိသော ဝန်ထမ်း ကောင်းများ လေ့ကျင့်မွေးထုတ်ပေးရန်ဖြစ် ကြောင်း၊ နိုင်ငံရေးအရ အစိုးရအဖွဲ့အစည်း များ မည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံ့ ဝန်ထမ်းများပီပီ မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို တည်ငြိမ်စွာဖြင့် အရှိန်အဟုန်မပျက် တာဝန်ထမ်းဆောင် ရင်း ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင် သော ဝန်ထမ်းများကို လေ့ကျင့်သင်ကြား ပေးရသည့်တာဝန်ကို ထမ်းရွက်ကြရသည့် အတွက် မိမိတို့၏ လုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူကြရမည်ဖြစ်ပြီး မိသားစုစိတ်ဓာတ် ဖြင့် အတူတကွ ရိုင်းပင်းဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သည် ယနေ့တွင် တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက် ကြည့်ရှုပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ တက္ကသိုလ်အတွင်း အကောင်အထည်ဖော် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်