မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးလာပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်   စက်တင်ဘာ   ၂


ပြည်ထောင်စုနယ်မြေ    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်အောင်မြင် ခဲ့သည့်        ကမ္ဘာပေါ်ရှိ     ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်    မာရ ဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ စတင်၍  ဖူးမြော်ကြည်ညို ခွင့်ပြုခဲ့ရာ      အနယ်နယ်အရပ်ရပ်မှ လာရောက်   ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးလာပြည်သူများ ဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။ 


ရှေးဦးစွာ တာဝန်ရှိသူများက ဘူရားဖူး လာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့်    စိတ်အေးချမ်းသာစွာ   ဘုရား ဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဦးရှေ့ များတွင်   လုံခြုံရေးအရ   လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သံဃာ တော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများ     ဘုရားရင်ပြင်တော်ဆီသို့ သွားလာရေး     လွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် ပို့ဆောင်ပေး ခြင်း၊    မြန်မာနိုင်ငံ   မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဝန်ထမ်း များက  မသန်စွမ်းသူများအား  ဘီးတပ် တွန်းလှည်းများဖြင့်  စနစ်တကျပို့ဆောင် ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ 


ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏  အစီအမံဖြင့် ဝန်ထမ်းများ     အစိုးရရုံးပိတ်ရက်တွင်     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား    ဖူးမြော် ကြည်ညိုနိုင်ရန်အတွက်  စီစဉ်ပေးခဲ့ရာ      ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ     ဌာန ဆိုင်ရာ ၄၅ ခုမှ   အရာထမ်း၊  အမှုထမ်း စုစုပေါင်း ၉၄၅ ဦးနှင့် ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးကော်မတီမှ အရာ ထမ်း၊   အမှုထမ်း  စုစုပေါင်း ၁၀၀၀ ခန့်     ရန်ကုန်မြို့မှ  နေပြည်တော်သို့ လာရောက်၍ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ   ဌာနဆိုင်ရာ    ဝန်ထမ်းအဖွဲ့ များသည်     ကမ္ဘာပေါ်ရှိ     ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စိတ်ကြည် နူးချမ်းမြေ့စွာ    ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာ ပွားများအားထုတ်ခြင်း၊  ဝတ်ရွတ်ပူဇော် ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 


ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး    တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက် များ    အသုံးပြု၍     တည်ဆောက်ထား သည့်   ဂန္ဓကုဋိတိုက်များကိုလည်း    စိတ် ဝင်တစား  ကြည့်ရှုလေ့လာကြပြီး  ဗုဒ္ဓ ဥယျာဉ်တော်အတွင်း   မာရဝိဇယကျောင်း တော်နှင့်     သာသနာရေးဆိုင်ရာ   အခမ်း အနားများကို     ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သံဃာတော် အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးကို လည်း သွားရောက်လေ့လာကြသည်။


ယင်းနောက်  ဌာနဆိုင်ရာ  ဝန်ထမ်း အဖွဲ့များသည် အဋ္ဌကထာဋီကာကျမ်းစာ များကို     စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း တည်ဆောက်ထားသည့်     ကျောက်စာရုံ စေတီတော်အဆူ ၇၂၀ ကိုလည်း စိတ်ဝင် စားစွာဖြင့်   ဖူးမြော်လေ့လာ   ကြည်ညို ကြသည်။ 


ဆက်လက်၍   ဩဝါဒါစရိယ  ဆရာ တော်ကြီးများ၏  ဩဝါဒခံယူလျက်  ပိဋ ကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင် ကျမ်းဂန်တော်များနှင့်အညီ  ပြည့်စုံစွာ တည်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံ ဘုရားတို့ကိုလည်း     ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။ 


ထို့နောက်    ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော် အတွင်း၌   စနစ်တကျ    ခမ်းနားထည်ဝါ တည်ဆောက်ထားသည့် ရေပန်းရင်ပြင် နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေး နေရာများ၌လည်း   ပျော်ရွှင်စွာ  အမှတ် တရ ဓာတ်ပုံရိုက်ကြသည်။ 


ယင်းနောက် လာရောက်ဖူးမြော်ကြ သည့် ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့များသည် ဘုရားကြီးအား   ကြည်ညိုသဒ္ဓါပွားများ လျက် အလှူငွေများကို ဘုရားဂေါပက အဖွဲ့ထံ လှူဒါန်းကြပြီး သက်ဆိုင်ရာနေရာ အသီးသီး၌ ထားရှိသည့် အလှူခံပုံးများ တွင်လည်း စေတနာသဒ္ဓါတရား ထက်သန် စွာဖြင့် ထည့်ဝင်လှူဒါန်းကြကာ ကျွန်းတိုင် များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်    ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ်များ၌ အေးချမ်းစွာ အပန်းဖြေ အနားယူကြသည်ကို တွေ့ရသည်။ 


အဆိုပါ     ရန်ကုန်မြို့မှ    ဘုရား လာရောက်ဖူးမြော်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ် မှ  ရဟန်း၊  ရှင်လူပြည်သူများသည်  မာရ  ဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  အပါ အဝင် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထား ပူဇော်ထားသည့် ဂန္ဓကုဋိတိုက်တော်များ၊ ကျောက်စာရုံစေတီတော်   အဆူ   ၇၂၀၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်စသည့်    ဘုရား၊ ကျောင်း၊ ကန်၊ သာသနိက အဆောက်အဦ များကို  လေ့လာဖူးမြော်ကြည်ညိုကြပြီး တရားဘာဝနာပွားများ အားထုတ်ခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်း ပြုလုပ်ကြသူများဖြင့်     အထူးစည်ကား လျက်ရှိကာ  ယနေ့တွင်  တရားဓမ္မအသံ တို့ဖြင့် ထုံမွမ်းလျက်ရှိသည်ကို တွေ့မြင် ရသည်။                        

အေးအေးသန့်
ဓာတ်ပုံ - ကိုအေးသန်း