ထားဝယ်မြို့တွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

 

ထားဝယ်     စက်တင်ဘာ    ၂


ပြေစာများအပေါ်၌ အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေး ပွဲကို   တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အခွန်ဦးစီးဌာန ရုံး၌ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက် အထိ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်အခွန် ဦးစီးမှူး ဦးမျိုးသော်က စားသောက်  ဆိုင်လုပ်ငန်းရှင်များ၊   ဟိုတယ် နှင့်  တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာ ရောင်းချ သည့်လုပ်ငန်းရှင်များ၊ ရုပ်သံလွှင့် မီဒီယာဝန်ဆောင်မှု  ဆောင်ရွက် သည့်လုပ်ငန်းရှင်များ၊  လက်ကိုင် ဖုန်းနှင့်     ဆက်စပ်ပစ္စည်းများ   ရောင်းချခြင်းနှင့်   ဝန်ဆောင်မှု ဆောင်ရွက်ပေးသည့်  လုပ်ငန်းရှင် များအနေဖြင့်  ပြေစာများအပေါ် တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ၍    ရောင်းချခြင်း/ ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းဖြင့်   ရသင့် ရထိုက်သော     အခွန်ငွေများ  လွတ်ကင်းမှုမရှိစေဘဲ  နိုင်ငံတော် အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်း မြင်သာစွာ  ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန်  ရည်ရွယ်ချက်ဖြင့်      ကျင်းပရခြင်းဖြစ်ကြောင်း  ပြော ကြားသည်။


ထို့နောက် မြို့နယ်အခွန်ဦးစီး မှူးက  ထားဝယ်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား   ကုန်သွယ် လုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ် မှာကြားခြင်းနှင့်    ထုတ်ယူခြင်း၊ အခွန်အမှတ်တံဆိပ်   သတ်မှတ် ချက်နှင့်   ကပ်နှိပ်ခြင်း၊  အခွန် ပေးသွင်းခြင်းနှင့်    ကြေညာလွှာ    တင်သွင်းခြင်း၊  ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ဆိုင်ရာ  သိကောင်းစရာများကို    အပြန်အလှန်    ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)