လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် လုပ်ထုံးလုပ်နည်းစံနှုန်း ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၂
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်း ဆောင်ရွက်မည့်နည်းလမ်းနှင့်နောင်ထပ်မံ မဖြစ်ပွား စေရေးအတွက်   ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း  (Standard   Operating Procedure –SOP) ရေးဆွဲပြုစုရေး  ပြည်ထောင်စု အဆင့်လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့က  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ    ဒုတိယဝန်ကြီး     ဒေါက်တာ တင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့်  ဝန်ကြီးဌာန အသီးသီးမှ   ကော်မတီဝင်များ   တက်ရောက်ကြ သည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး က  (SOP)ရေးဆွဲပြုစုရေး    ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီအနေဖြင့် စိုက်ပျိုးရေးအခြေခံ သော မိမိတို့နိုင်ငံတွင် လယ်ယာမြေအရင်းအမြစ်များ ကို ရေရှည်တည်တံ့စွာအသုံးချနိုင်ရေးအတွက် တည်ဆဲ လယ်ယာမြေဥပဒေများကို မျက်ကွယ်ပြုပြီး လယ်မြေ များကို ဥပဒေနှင့်အညီ  ခွင့်ပြုချက်မရှိဘဲ   မြို့မြေ ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံ များဆောက်လုပ်ခြင်း စသည့်ဥပဒေမဲ့လုပ်ဆောင်နေမှု များကို  ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင် ထပ်မံမဖြစ်ပွားစေရန်   ဆောင်ရွက်မည့်နည်းလမ်း များ လုပ်ထုံးလုပ်နည်းများ ဖြစ်ပေါ်လာရေးအတွက် မြေပြင်လက်တွေ့အခြေအနေများကို    ထိတွေ့ ဆောင်ရွက်ရသည့် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး  ပြည်နယ်လုပ်ငန်းကော်မတီတို့၏ တင်ပြ လာမှုများကို အခြေခံ၍ အကောင်းဆုံးရလဒ်တစ်ခု ပြုစု၍ ဦးစီးကော်မတီသို့ တင်ပြဆောင်ရွက်သွားရန် ဖြစ်ကြောင်း။
တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံ  အလုပ်ရုံများ အတွက်  မြေနေရာရရှိရေး၊   မှန်ကန်ရိုးသားစွာ လုပ်ဆောင်သည့်   ပြည်သူများ   နစ်နာမှုမရှိစေရေး စသည့်အခြေခံအချက်များကို   စနစ်တကျလေ့လာ ဆန်းစစ်ပြီး  အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure–SOP) ပေါ်ထွက် လာရေးကို  မိမိတို့ ပြည်ထောင်စုအဆင့်  လုပ်ငန်း ကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် SOP ရေးဆွဲပြုစုရေး ပြည်ထောင်စု အဆင့် လုပ်ငန်းကော်မတီ  တွဲဖက်အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ လယ်ယာမြေအပေါ် သုံးစွဲမှုကိစ္စရပ်များနှင့်ပတ်သက် ၍   ရှင်းလင်းတင်ပြပြီး    ဝန်ကြီးဌာနအသီးသီးမှ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးကြသည်။  
လယ်ယာမြေကို   အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်း များ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုခြင်းသည် လယ်ယာ မြေများအပေါ် ဥပဒေမဲ့လုပ်ဆောင်နေမှုများအား စီမံ ခန့်ခွဲခြင်းလုပ်ငန်းများကို    တည်ဆဲလယ်ယာမြေ ဥပဒေ၊ ဆက်စပ်ဥပဒေများနှင့်အညီ လွယ်ကူလျင်မြန် စွာ ဆောင်ရွက်နိုင်စေရန်နှင့် နောင်ထပ်မံမဖြစ်ပွား စေရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်   ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်