
နေပြည်တော် စက်တင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်သည် ယမန် နေ့ နံနက်ပိုင်းက ကလော မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟဲဟိုး ဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ခြံ တာဝန်ခံတို့က မိုးရာသီ သီးနှံ မျိုးစေ့ထုတ်လုပ်ငန်းနှင့် သုတေ သနဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ အာလူးမျိုးပွားခြင်း လုပ်ငန်း၊ ရေဆင်း(၁) စပ်မျိုး နေကြာ၊ ဘာစမာတီနှင့် ရွှေရင် အေးမျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးမှာကြားပြီး မျိုးအာလူး နမူနာများနှင့် ဟဲဟိုးဥယျာဉ်ခြံ အတွင်း လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ အင်းခေါင်းဆည် (ဟဲဟိုးကန်)၏ ဝင်ရေသိုလှောင် ထားရှိမှုနှင့်ဒေသအတွက် စိုက်ပျိုး ရေ အကျိုးပြုနေမှုကို ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း များဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့် ရှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့သည် ဟဲဟိုးစိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ များကို တွေ့ဆုံ၍ သင်ကြားမှု သင်ယူမှု လုပ်ငန်းဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးက ဆရာ ဆရာမ၊ ကျောင်း သား ကျောင်းသူများအတွက် ဂုဏ်ပြုငွေပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးစိုက်ပျိုး ရေးသိပ္ပံကျောင်း၏ စာသင်ဆောင် များတွင် သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှု၊ စားရိပ်သာများ၊ အိပ်ဆောင်များ၊ မွေးမြူရေး လက်တွေ့ သင်တန်းဆောင်များ နှင့် လက်တွေ့ကွင်းဆင်းလုပ်ငန်း ဝင် လေ့ကျင့်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးအားပေးကြ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမျိုးသန့် ခြံ၏ ယာစပါးမျိုး ခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားရှိမှု နှင့် ရေဆင်းစပ်မျိုးနေကြာ (၁) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ရွှေညောင် မြို့ရှိ တာယောစိုက်ပျိုးရေးသုတေ သနခြံ၏ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များအား တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ရှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ သည် တောင်ကြီးမြို့နယ် အသေး စားမွေးမြူရေးမြေ ဖော်ထုတ်ရေး စီမံကိန်းလုပ်ငန်းကို ကွင်းဆင်း စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က မြေယာအသုံးပြုမှုနှင့်ပတ်သက် ၍ တည်ဆဲမြေယာဥပဒေ၊ နည်း ဥပဒေများနှင့် အညီဖြစ်စေရန်၊ ရင်းနှီးမြှုပ်နှံနိုင်မှု သေချာပြီး လုပ်ငန်းအမှန်တကယ် ဆောင်ရွက် လိုသူများကို ဦးစားပေးဆောင်ရွက် ရန်၊ တစ်ဦးချင်း ရင်းနှီးမတည်ရန် ခက်ခဲနိုင်သော်လည်း ဆန္ဒသဘော ထား ညီညွတ်သူအချင်းချင်း ပူးပေါင်း၍ လုပ်ငန်းထူထောင် ဆောင်ရွက်နိုင်မှု အခွင့်အလမ်း များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်