ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကား၊ လာရောက်ဖူးမြော်သူ ရဟန်း၊ ရှင်လူ ပြည်သူများအား အခမဲ့ဝင်ရောက်ခွင့်ပေးမည်

 

နေပြည်တော်  စက်တင်ဘာ  ၁


ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်   တည်ထားပူဇော်ထားရှိသည့်  ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော် မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယနေ့ ဝါခေါင်လပြည့် ကျော်တစ်ရက်နေ့တွင်   အနယ်နယ်အရပ်ရပ်မှ   လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိသည်။


ထိုသို့  အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့်     ဘုရားဖူး ရဟန်း၊    ရှင်လူ   ပြည်သူများနှင့် ဘိုးဘွားများသည်    ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ     မာရဝိဇယ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊   ဂန္ဓကုဋိ တိုက်များ၊     သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့်     နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊        မာရဝိဇယ ကျောင်းတော်၊     အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါ ဓိပတိ     ခေါင်းလောင်းတော်နှင့် ကျောက်စာရုံ     စေတီတော်များ အပါအဝင်    အခြားဘာသာရေး ဆိုင်ရာ    အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာ စွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာ ခြင်း၊   တရားဘာဝနာပွားများ ခြင်းများ  ဆောင်ရွက်ကြသည်။ ထို့ပြင်    နိုင်ငံတော်   သံဃမဟာ နာယကအဖွဲ့  အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး   သန်လျင် မြို့          မင်းကျောင်းပထမပြန် စာသင်တိုက်၊     ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊    အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ    ဒေါက်တာ ဘဒ္ဒန္တ    စန္ဒိမာဘိဝံသ    ဆရာတော် ကြီး   အမှူးပြုသည့်   အလှူရှင် များက    ငွေကျပ်သိန်း ၂၄၀၀ လှူဒါန်းမှုအပါအဝင်     အခြား သော    ဘုရားဖူးလာပြည်သူများ က    ကြည်မညိုသဒ္ဓါပွားများလျက်  စေတနာသဒ္ဓါတရား ထက်သန်စွာ ဖြင့် အလှူငွေများကို   ပေးအပ် လှူဒါန်းကြသည်။ 


မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့     လာရောက်ဖူးမြော် ကြည်ညိုကြသည့်  ရဟန်းသံဃာ  များ၊ သာသနာ့နွယ်ဝင် သီလရှင် များနှင့်     သက်ကြီးဘိုးဘွားများ အား     ကျန်းမာရွှင်လန်းစွာဖြင့်  ဖူးမြော်ကြည်ညိုနိုင်ရေး   အတွက်   ကျန်းမာရေးဝန်ထမ်းများက လိုအပ် သည့်    ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လည်း  လမ်းလျှောက်ရန်   အခက် အခဲဖြစ်သည့်  သက်ကြီးဘိုးဘွား များအား အဆင်ပြေစွာဖြင့် ဘုရား ဖူးမြော်ကြည်ညိုနိုင်ရန်    Wheel Chair များဖြင့်  လိုက်လံပို့ဆောင် ပေးကာ လိုအပ်သည်များ  ကူညီ ဆောင်ရွက်ပေးကြသည်။


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား    လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူပြည်သူများ  အသက်သာဆုံး ဖြစ်စေရေးအတွက်  ဝင်ရောက်သူ အားလုံးကို   အခမဲ့ဝင်ရောက်ခွင့် ပေးသွားမည်     ဖြစ်ကြောင်း၊ စက်တင်ဘာ   ၄   ရက်မှစတင်၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက် ချိန်တွင်   ကင်မရာပါသည့်   ဖုန်း၊ အခြား      ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့်    အပျော်တမ်း ကင်မရာ   ရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်  နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊  ဘုရားကြီးဝင်းအတွင်း  ဝင်ရောက် ရပ်နားသည့်  ကိုယ်ပိုင်ယာဉ်ငယ် များ၏     ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့်     ရပ်နားခနှုန်း ထားများအတိုင်း  ကောက်ခံသွား မည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ    ည  ၈  နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း   သတင်း ရရှိသည်။                

သတင်းစဉ်