
နေပြည်တော် စက်တင်ဘာ ၁
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေး အတွက် ဆီထွက်သီးနှံများ ပိုမို စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့ သို့ အရည်အသွေးကောင်း စားသုံး ဆီများထုတ်လုပ်ရန် အဆင့်မီ ဆီစက်များလည်း လိုအပ်နေ သဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး ရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်း အဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။
ကွင်းဆင်းစစ်ဆေး
ယင်းလုပ်ငန်းများ အောင်မြင် ရေးအတွက် ချေးငွေစိစစ်ကြီးကြပ် ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ ခေါင်းဆောင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးခန့်ဇော်သည် ယနေ့နံနက် ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာများ နှင့်အတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဆီစက် လုပ်ငန်းများကို ကွင်းဆင်း ကြီးကြပ်စစ်ဆေးသည်။
ပေါင်းစပ်ဆောင်ရွက်
အမြဲတမ်း အတွင်းဝန်နှင့် အဖွဲ့သည် အောင်လံမြို့ ရွာထောင် ရပ်ကွက်ရှိ “မြေလတ်”ဆီစက်သို့ သွားရောက်ပြီး ဆီစက်လုပ်ငန်း များလည်ပတ်နေမှုနှင့် ကုန်ကြမ်း သိုလှောင်ထားရှိမှု၊ ချေးငွေထုတ် ယူပြီးစီးမှု၊ ချေးငွေစီမံချက်ပါ အတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ် လိုက်နာသုံးစွဲမှု ရှိ/ မရှိတို့ကို ကြီးကြပ်စစ်ဆေးကာ လုပ်ငန်း အခက်အခဲများအပေါ် ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်