စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခန္တီးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ

 

မုံရွာ  စက်တင်ဘာ  ၁


စစ်ကိုင်းတိုင်းဒေသကြီး   ဝန်ကြီး ချုပ်    ဦးမြတ်ကျော်သည်    တိုင်း ဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊      ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့်အတူ  သြဂုတ် ၃၁ ရက်က ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာ များ၊   ဒေသခံတိုင်းရင်းသားများ၊      မြို့မိ၊    မြို့ဖများနှင့်    တွေ့ဆုံပွဲသို့       တက်ရောက်ကြသည်။
ဦးစွာ ခန္တီးခရိုင်   စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင်စိုးမိုးက ခရိုင်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး      လုပ်ငန်း များ  ဆောင်ရွက်နေမှုနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှု           အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က      တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်       ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး     လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊    ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊     လမ်းပန်း ဆက်သွယ်မှု   ကောင်းမွန်အောင် ဆောင်ရွက်နေမှုများ၊         ဒေသခံ ပြည်သူများ       လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက    ခန္တီးခရိုင်အတွင်း    ဒေသ ဖွံ့ဖြိုးတိုးတက်ရေး       လုပ်ငန်းများ  ဆောင်ရွက်ပေးနေမှုများကို ရှင်း လင်း ပြောကြားကြသည်။


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က    ခရိုင်အဆင့်ဌာန ဆိုင်ရာများအတွက် ငွေကျပ်  ၁၀ သိန်းကိုလည်းကောင်း၊       တိုင်း ဒေသကြီး လုံခြုံရေးနှင့်   နယ်စပ် ရေးရာဝန်ကြီး             ဗိုလ်မှူးကြီး ဝင်းတင်စိုးက  လုံခြုံရေးတာဝန် ထမ်းဆောင်     နေသူများအတွက် ငွေကျပ်    ၁၀   သိန်းကို   လည်း ကောင်း၊    တိုင်းဒေသကြီး   လူမှု ရေးရာဝန်ကြီး   ဦးဝင်းမြတ်စိုးက မြို့နယ်အဆင့်   ဌာနဆိုင်ရာများ အတွက်   ငွေကျပ်    ၁၀  သိန်းကို လည်းကောင်း၊    တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန     ညွှန်ကြား ရေးမှူးက     ဝန်ထမ်းများအတွက် ဟင်းသီးဟင်းရွက်     မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။ 


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ သည်    ခန္တီးမြို့   အစိုးရစက်မှု လက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်း     ကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာ မများ၊ ကျောင်းသား   ကျောင်းသူ များနှင့် တွေ့ဆုံပြီး ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များအတွက်    ထောက်ပံ့ငွေများ        ပေးအပ်ချီးမြှင့်ကာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး     လိုက်လံနှုတ်ဆက်အားပေးသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ သည်    ခန္တီးမြို့   မြို့မရပ်ကွက်ရှိ အခြေခံပညာ            အထက်တန်း ကျောင်း   (ခွဲ) သို့   ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန် ရှိသူများက    ကျောင်း၏  လိုအပ် ချက်များအား        တင်ပြကြပြီး တိုင်းဒေသကြီး     ဝန်ကြီးချုပ်က တင်ပြချက်များအပေါ်  တာဝန်ရှိ သူများနှင့်    ဖြည့်ဆည်းပေါင်းစပ်     ဆောင်ရွက်ပေးကာ ကျောင်းအုပ် ဆရာကြီးထံ   ငွေကျပ်  ၁၀   သိန်း   ထောက်ပံ့ပေးအပ်ကြောင်း   သိရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)