လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP)ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ ညှိနှိုင်းစည်းဝေး

 

ဘားအံ   ဩဂုတ်    ၃၁
နိုင်ငံတော်၏  မြေသယံဇာတများကို   အကျိုးရှိစွာ အသုံးချစေရေး၊ စိုက်ပျိုးမြေများမလျော့ပါးစေရေး၊ တိုးပွားလာသော      ပြည်သူလူထုနေထိုင်နိုင်ရန် မြေလုံလောက်မှုရှိစေရေး၊ ဖွံ့ဖြိုးတိုးတက်လာသော စက်ရုံ၊ အလုပ်ရုံများ မြေနေရာလုံလောက်စွာရရှိရေး အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် (Standard Operation Procedure-SOP) ပေါ်ထွက် လာစေရေးအတွက်  လယ်ယာမြေကို   အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက် မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP) ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(ပထမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်  ၃၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး  အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှု များ   ဖြေရှင်းဆောင်ရွက်မည့်     နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက် မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP)ရေးဆွဲပြုစုရေး   ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လယ်ယာမြေ ပေါ်တွင်  ခွင့်ပြုချက်မရှိဘဲ  ကျူးလွန်အသုံးပြုမှုများ ရှိနေသည့်အတွက် ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် အခြေအနေ၊   နောက်ခံသမိုင်းတို့ကို   သိရှိအောင် ဆောင်ရွက်၍    စာရင်းကောက်ယူပြုစုပြီး    ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ     မှန်မှန်ကန်ကန် လေ့လာဆန်းစစ်ရန်လိုကြောင်း၊ မှန်ကန်ရိုးသားစွာ လုပ်ဆောင်နေသူများနစ်နာမှုမရှိစေရေး  အကြံပြု တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် (SOP)  ရေးဆွဲပြုစုရေး   ပြည်နယ် လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍  အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး   တွဲဖက်အတွင်းရေးမှူး   ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က SOP ရေးဆွဲ ပြုစုရေးလုပ်ငန်းကော်မတီ၏  လုပ်ငန်းဆောင်ရွက် ရမည့်အခြေအနေနှင့်    လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ  ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)