ဗယ်လက်ကာနိုကို အံ့အားသင့်ဖွယ် ခုနစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည့် အက်သလက်တီကို မက်ဒရစ်

 

ဩဂုတ် ၂၉ ရက် နံနက် ၂ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့်     စပိန် လာလီဂါပွဲစဉ် (၃) မှ    ဗယ်လက် ကာနိုနှင့်    အက်သလက်တီကို မက်ဒရစ်အသင်း ပွဲစဉ်တွင် အက် သလက်တီကို   မက်ဒရစ်အသင်း က  တိုက်စစ်ခြေစွမ်းပြပြီး  ခုနစ် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ဗယ်လက်ကာနိုအိမ်ကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၁၃၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။

 
ယခုပွဲစဉ်မတိုင်မီ    ကစားခဲ့ သည့်    အဖွင့်ပွဲစဉ်     နှစ်ပွဲတွင်  နှစ်ပွဲစလုံး နိုင်ပွဲရရှိထားသော အိမ်ရှင်ဗယ်လက်ကာနိုအသင်း သည်    ယခုပွဲစဉ်တွင်    သာမန်ခြေစွမ်းအောက်    ရောက်ခဲ့ပြီး ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်း၏  ထိုးဖောက် တိုက်စစ်ဆင်မှုများကိုသာ ခုခံကာကွယ်ခဲ့ရသည်။ အက်သလက် တီကိုမက်ဒရစ်အသင်းအတွက်  သွင်းဂိုးများကို  ဂရစ်ဇ်မန်း၊   ဒီပေး၊   မိုလီနာ၊  မိုရာတာ၊ ကော်ရဲရားနှင့်   လော်ရန်တေးတို့က     သွင်းယူပေးခဲ့သည်။ 


ယခုပွဲစဉ်တွင်    ပြိုင်ဘက်ကို    ဂိုးပြတ်အနိုင်ရရှိခဲ့သော  အက်သလက်တီကို  မက်ဒရစ်အသင်းသည်  ပွဲစဉ် (၃) အပြီး တွင်   ရမှတ် ခုနစ်မှတ်ဖြင့်   အမှတ်ပေးဇယား   အဆင့်(၂)သို့   တက်လှမ်းနိုင်ခဲ့သည်။ အက်သလက်တီကို မက်ဒရစ်အသင်း သည်  လာလီဂါပြိုင်ပွဲ၌  ယခုကဲ့သို့  ခုနစ်ဂိုးပြတ် အနိုင်ရရှိခြင်းမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း   ပထမဆုံးအကြိမ်   သွင်းယူနိုင်ခြင်း ဖြစ်သည်။                                                      

အောင်ဇော်