
ပူတာအို ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၆ ရက်က ခေါင်လန်ဖူး- ဆရမ် ဖာလမ်း ၁၂ မိုင် ၄ ဖာလုံမှ လေးမိုင် ဖောက်လုပ်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဖောက်လုပ်မည့် မြေလမ်း နှစ်မိုင် ၏ အခြေအနေနှင့် ခေါင်လန်ဖူးမြို့ မြို့မဈေး သန့်ရှင်းသာယာလှပ ရေး၊ မြို့စိမ်းလန်းစိုပြည်စေရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် တိုးချဲ့မြို့ကွက်သစ် ဖော်ထုတ် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး နေရာချထားမည့် ဒေသခံများနှင့် တွေ့ဆုံ၍ နေရာချထားမည့် အခြေ အနေနှင့် ဝန်ကြီးဌာနမှ ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ရှင်းလင်းဆွေးနွေး ကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ကုန်စည်စီးဆင်းမှုမပြတ်ရန်
ထို့အတူ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဩဂုတ် ၂၅ ရက် က မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းပိုင်းတစ်လျှောက် လမ်းပိုင်း ပျက်စီးမှုမရှိစေရေး မြေထိန်းနံရံနှင့် ကျောက်စီ ရေ မြောင်း တည်ဆောက်မည့်နေရာ များ၊ မိုးသည်းထန်မှုကြောင့် လမ်းဘေးမြေသား ပြိုကျနိုင်သည့် နေရာများကို ကြည့်ရှုစစ်ဆေးကာ ခေါင်လန်ဖူးဒေသသို့ ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဩဂုတ် ၂၄ ရက်က နောင်မွန်မြို့ရှိ နမ်ပန်ဒမ်း လူကူး ကြိုးတံတား နှစ်စင်း၏ ဆက်သွယ် သွားလာမှုအခြေအနေ၊ နောင်မွန် မြို့ရေပေးဝေရေးအတွက် နယ်စပ် ရေးရာဝန်ကြီးဌာနမှ အကောင် အထည်ဖော် ဆောင် ရွက်ခဲ့သည့် ရေတားတမံ၊ ဂါလန် ၆,၀၀၀ ဆံ့ နှင့် ၃,၀၀၀ ဆံ့ ရေစုကန်များ တည် ဆောက်ထားရှိမှု၊ ရေပိုက်လိုင်း တစ်မိုင် သွယ်တန်းထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေး ကာ ဒေသခံများအနေ ဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေး ကြရန် မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဩဂုတ် ၂၃ ရက်က နောင်မွန်မြို့ နယ်သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နောင်မွန်မြို့ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်