
မန္တလေး ဇူလိုင် ၂၂
မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ၏ နှစ် (၇၀)ပြည့် အထိမ်းအမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ချမ်းမြသာစည်မြို့နယ် မန္တလာ သီရိအားကစားကွင်းရှိ Multip-purpose Stadium ၌ ကျင်းပ ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ နာယကနှင့် အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအတွင်းရှိ အသက်(၇၀)နှစ်အထက် ရိုးရာ ခြင်းလုံးပညာရှင်များ၊ ဝါသနာရှင် များ၊ အားကစားသမားများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ တွင် မြန်မာ့ယဉ်ကျေးမှုကို အခြေခံ ၍ လက်လှမ်းမီ လွယ်ကူစွာ ကစား နိုင်သည့် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း တစ်ရပ်လည်း ပါဝင်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပေးအယူမျှတခြင်း၊ အသင်း အဖွဲ့စိတ်ဓာတ် ခိုင်မာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနှင့် တာဝန်ယူတတ်ခြင်း၊ ကျန်းမာ ရေးကို များစွာအထောက်အကူပြု ခြင်း စသည့်အလေ့အကျင့်ကောင်း များ ရရှိလာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာကပါ စိတ်ဝင်တစားဖြင့် ကစားနေသည့် မြန်မာ့ရိုးရာခြင်းလုံးကစားခြင်းကို ခေတ်နှင့်အညီ အမြင်ဆန်း အသွင်ဆန်းသော ခြင်းအလှခတ်ကစားနည်းများကို ရှာဖွေဖော်ဆောင်လျက် မြန်မာ့ ရိုးရာ ခြင်းလုံးအားကစားကို တန်ဖိုးထားကာ မတိမ်ကော မပပျောက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က နှစ်(၇၀) ပြည့်အထိမ်း အမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ သမိုင်းကြောင်းများနှင့် မြန်မာ့ ရိုးရာအားကစားကို အစဉ်အလာ မပျက် ထိန်းသိမ်းနေမှုများကို ရှင်းလင်းပြောကြားပြီး မြန်မာ နိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ရိုးရာ ခြင်းလုံး အလှခတ်ပြသမည့် အသင်း ကိုးသင်းကို ခြင်းလုံးများ နှင့် အသက် (၇၀) နှစ်အထက် ရိုးရာခြင်းလုံး ပညာရှင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် အသင်းလိုက် ရိုးရာခြင်းအလှခတ် ကစားပြသ ခြင်းကို ကြည့်ရှုအားပေးခဲ့ကြ သည်။
သတင်းစဉ်