အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

နေပြည်တော် ဇူလိုင်  ၂၀


အရှေ့ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုး သမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့်အဖွဲ့ ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင်အားကစားသမားများနှင့်   အား ကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဦးစွာ        ဒုတိယတိုင်းမှူး နှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ     ပွဲစဉ်များဖြစ်သည့် တောင်ကြီးတပ်နယ်(နယ်မြေ-၁) (အမျိုးသမီး)အသင်းနှင့် တောင် ကြီးတပ်နယ် (နယ်မြေ-၂)(အမျိုး သမီး)အသင်း၊တောင်ကြီးတပ်နယ် (နယ်မြေ-၁)(အမျိုးသား) အသင်း နှင့် တောင်ကြီးတပ်နယ်(နယ်မြေ- ၂)   (အမျိုးသား)       အသင်းတို့   ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှု အားပေးကြသည်။
ထို့နောက်      ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ     အသင်း လိုက်  ဆုရရှိသူများ၊  တစ်ဦးချင်း ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော တောင်ကြီးတပ်နယ်(နယ်မြေ-၁)(အမျိုးသား/ အမျိုးသမီး) အသင်း တို့ကို ဒုတိယတိုင်းမှူးနှင့် တာဝန် ရှိသူများက   ဒိုင်းဆုနှင့်    ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

      
သတင်းစဉ်