ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ သံစုံတီးဝိုင်းလေ့ကျင့်မှု၊ Personal Grooming သင်တန်းဖွင့်လှစ်မှုနှင့် “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးမှုများ ကြည့်ရှုအားပေး

 

ရန်ကုန်  ဇူလိုင်   ၁၈


ပြန်ကြားရေး      ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်းသည်   ယနေ့   မွန်းလွဲ ပိုင်းတွင် မြန်မာ့အသံနှင့်   ရုပ်မြင် သံကြားရန်ကုန်)၌    သံစုံတီးဝိုင်း ၏   နိုင်ငံတကာတေးသီချင်းများ လေ့ကျင့်တီးခတ်သီဆိုမှု၊ တစ်ဦး ချင်း ကိုယ်ရည်ကိုယ်သွေးမြှင့်တင် ရေးသင်တန်း (Personal Groo-ming Course) သင်ကြားနေမှုနှင့် လူရွှင်တော်စတား ကောင်းထက် စီစဉ်သည့်    “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်း ရပ်ပြဇာတ်” ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများ အား  ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်သည်။

 


ရှေးဦးစွာ    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်)  Studio (B)၌   မြန်မာ့အသံနှင့်    ရုပ်မြင် သံကြား  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သံစုံတီးဝိုင်း စုဖွဲ့ပြင်ဆင် လေ့ကျင့်နေမှုနှင့် ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှာကြားချက် များအပေါ်   ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို    ရှင်းလင်း တင်ပြသည်။

 


ထို့နောက်      သံစုံတီးဝိုင်း တာဝန်ခံက    နိုင်ငံတကာတေး သီချင်းများ လေ့ကျင့်ပြင်ဆင်ထား ရှိမှုနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်ကို   တင်ပြပြီး     သံစုံ တီးဝိုင်းက National Anthem နှင့် ASEAN Anthem တို့ကို တီးခတ် တင်ဆက်ကာ ဝန်ထမ်း အဆိုရှင် များက နိုင်ငံတကာတေးသီချင်းများဖြစ်သည့်    အင်္ဂလိပ်၊ တရုတ်၊ ရုရှားသီချင်းနှင့် မြန်မာတေးသီချင်း တို့ဖြင့်  တီးမှုတ်သီဆို သရုပ်ပြသ ကြရာ ပြည်ထောင်စု ဝန်ကြီးက  တီးဝိုင်းအဖွဲ့၏ဝတ်စုံ ကိစ္စ၊ သံစုံတီးဝိုင်းအဖွဲ့အား စင်တင် ပေးရန်   တူရိယာများ   ပိုမိုညီညာ ကောင်းမွန်အောင် လေ့ကျင့်သွား ရန်၊ တေးသီချင်းများ တီးမှုတ်ရာ တွင် အသက်ဝင်အောင် ခံစားချက် ထည့်ရန်၊ နိုင်ငံတကာတေးသီချင်း များအကြောင်းကို မသီဆို၊ မတီး မှုတ်မီ မိတ်ဆက်ရှင်းပြခြင်းအစီအစဉ်ထည့်သွင်းရန်     မှာကြား သည်။

 


ယင်းနောက်     သံစုံတီးဝိုင်း အဖွဲ့ခေါင်းဆောင်နှင့် ဝန်ထမ်းများ အတွက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ပြီး တီးဝိုင်းအဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ဆက်လက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   သင်တန်းခန်းမ တွင်  ဖွင့်လှစ်သင်ကြားနေသည့် တစ်ဦးချင်း  ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း    (Personal Grooming   Course)     သင်ကြား နေမှုကို     ကြည့်ရှုအားပေးရာ သင်တန်းနည်းပြ  Mr.Crisminth က သင်တန်းဆိုင်ရာများ ရှင်းလင်း တင်ပြသည်။ 

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက သင်တန်းသား သင်တန်း သူများကို   အားပေးစကားပြော ကြားပြီး    သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပေးအပ် ကာ   သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


အဆိုပါသင်တန်းကို မြန်မာ့ အသံနှင့် ရုပ်မြင့်သံကြား၏သတင်း တင်ဆက်သူများ၊ အခမ်းအနား မှူးများ၊   အစီအစဉ်တင်ဆက်သူ များအား    တစ်ဦးချင်းကိုယ်ရည် ကိုယ်သွေးမြှင့်တင်နိုင်ရန် ကိုယ်နေ ဟန်ပန်၊ အမူအရာ၊ တင်ဆက်ပုံ များ      ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ယနေ့မှ ဇူလိုင် ၂၆ ရက် အထိ ဖွင့်လှစ်သင်ကြားနေခြင်းဖြစ် ပြီး   သင်တန်းသား    သင်တန်းသူ ၃၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 


ယင်းနောက် Studio (A)သို့ ရောက်ရှိပြီး    လူရွှင်တော်စတားကောင်းထက်စီစဉ်သည့် “ဟာသ မြို့တော်ရယ်စရာစင်တင် ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှု ကို ကြည့်ရှုအားပေးသည်။

 


ဆက်လက်ပြီး  ပြည်ထောင်စု ဝန်ကြီးက အဆိုပါအစီအစဉ်တွင် ပါဝင်ရိုက်ကူးနေသည့် လူရွှင်တော် စတား   ကောင်းထက်နှင့်   ဟာသ သရုပ်ဆောင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

 


မြန်မာ့အသံနှင့်    ရုပ်မြင် သံကြားက ပြည်သူများ အပန်းပြေ စေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန် အားသစ်များ       ရရှိနိုင်စေရန် ဖျော်ဖြေရေး    အစီအစဉ်များကို တိုးမြှင့်     တင်ဆက်လျက်ရှိပြီး အပတ်စဉ်  သောကြာနေ့တိုင်းတွင် Friday  Night   Live   Show တေးဂီတဖျော်ဖြေပွဲများ၊ အပတ် စဉ်   စနေနေ့တိုင်းတွင်   ဟာသ လူရွှင်တော်အဖွဲ့များနှင့် ပူးပေါင်း ၍     “ဟာသမြို့တော်    ရယ်စရာ စင်တင်     ဟာသတစ်ခန်းရပ် ပြဇာတ်” အစီအစဉ်ကို   ရိုက်ကူး တင်ဆက်လျက်ရှိကြောင်း   သိရ သည်။                    

သတင်းစဉ်