
နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက် ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ ခဲယမ်း များဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက သတင်းထုတ်ပြန် ဖိတ်ခေါ်၍ ကြိုဆိုလက်ခံကာ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နယ်မြေများအတွင်း သင်တန်း များတက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိသည့် ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည် လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ နယ်မြေခံသင်တန်း ကျောင်း၌ ပြုလုပ်ပြီး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပြန်လည်အလင်းဝင်လာ သည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများနှင့် အသိပညာ ပေးခြင်းများကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အောင်မြေ သာစံမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ပြစ်မှုကျူးလွန်ခြင်း မရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက် လာသော PDF အဖွဲ့ဝင်အမျိုးသား ရှစ်ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေ ကာ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ပြီး ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် သည်။
ကြိုဆိုလက်ခံပေးသွားမည်
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ် သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးကာ မိဘအုပ်ထိန်းသူများထံ သို့ ပြန်လည်လွှဲအပ်ပေးလျက် ရှိခြင်းများကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်းသိရှိရပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လို သူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေ များအား ထိုက်တန်စွာ ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်